Author Archives: Department of Disaster Management

  • DAN Mobile Application အသုံးပြုပုံ၊ အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်းသတင်း

    ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်ကြိုး တံတားအနီးရှိ ဖုန်းအရောင်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ  အားပြည်သူများသိရှိနိုင်စေရန် DAN Mobile Application  Software ဖြန့်ဝေပေးခြင်း၊ ထည့်သွင်း အသုံးပြုနိုင်ရေး တိုက်တွန်းခြင်း၊  အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဖုန်းအရောင်းဆိုင်များတွင် DAN Mobile Application  Software စတစ်ကာများ  ကပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်၊၊ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွာသစ် ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာ၌ သဘာဝဘေးစီမံခန့်ခွဲမှု အသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် အတူလိုက်လျောညီထွေနေထိုင်ခြင်း၊ အဖြစ်များ သောဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာ စောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN  Mobile Application ဖြန့်ဝေခြင်းများကို ပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၄၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကျောက်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်တွင်ဖြစ်ပွားသောမီးဘေးအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၌ (၂၂-၂-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသောမီးဘေးကြောင့်   မီးဘေးသင့်အိမ်ခြေ    (၁) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၉၉၀၀ိ/)  ကျပ်  နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း   (၂၀၉,၉၀၀ိ/-) ကျပ် တို့အား (၂၂-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ    တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၇) ရက်နေ့တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန                          ခန်းမ၌ သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာခွဲအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၈၉) ဦးခန့် တက်ရောက်ခဲ့‌ကြောင်းသတင်းရရှိပါသည်။ Source:     စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ (၁၂) ရပ်ကွက်တွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှတာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့(၁၂) ရပ်ကွက်၌ (၂၁-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ဖိုးရိက္ခာဖိုးငွေ (၃) ရက်စာ (၅၄ဝဝိ/) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁ဝဝ,ဝဝဝိ/) ကျပ်၊ စုစုပေါင်း (၁ဝ၅,၄ဝဝိ/) ကျပ်တို့အား (၂၁-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • DAN Mobile Application အသုံးပြုပုံ၊ အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်းသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိ သူများသည် (၁၉-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး  ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာရှိ ဖုန်းအရောင်းဆိုင်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များအား ပြည်သူများသိရှိ နိုင်စေရန် DAN Mobile Application  Software ဖြန့်ဝေပေးခြင်း၊ ထည့်သွင်းအသုံးပြုနိုင်ရေး တိုက်တွန်းခြင်း၊  အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application  Software စတစ်ကာများ  ကပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်၊၊ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၌  သဘာဝဘေးစီမံခန့်ခွဲမှုအသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် အတူလိုက်လျောညီထွေနေထိုင်ခြင်း၊ အဖြစ်များသောဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊  လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်‌ဝေခြင်းနှင့် DAN Mobile Application အသုံးပြု ပုံနည်းလမ်းများအား ရှင်းလင်းပြသခြင်းတို့ပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးတက် ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events