ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွာသစ် ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာ၌ သဘာဝဘေးစီမံခန့်ခွဲမှု အသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် အတူလိုက်လျောညီထွေနေထိုင်ခြင်း၊ အဖြစ်များ သောဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာ စောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းများကို ပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၄၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)