ကယ်
ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည်
ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၌ (၂၂-၂-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၉၉၀၀ိ/) ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၀၉,၉၀၀ိ/-) ကျပ် တို့အား (၂၂-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)