ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှတာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့(၁၂) ရပ်ကွက်၌ (၂၁-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ဖိုးရိက္ခာဖိုးငွေ (၃) ရက်စာ (၅၄ဝဝိ/) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁ဝဝ,ဝဝဝိ/) ကျပ်၊ စုစုပေါင်း (၁ဝ၅,၄ဝဝိ/) ကျပ်တို့အား (၂၁-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)