Author Archives: Department of Disaster Management
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် တွင်ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကုန်းပြင်အုပ်စု ၊ ကျီးပင်ရွာတွင် (၆-၃-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ လူဦးရေ (၅)ဦးအတွက် (၃)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄၅၀၀)ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ် တို့ကို (၈-၃-၂၀၁၇) ရက်နေ့က အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၇) ရက်နေ့တွင် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲကျင်းပရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ မင်းဘူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ (၃၀)ဦးနှင့် သင်တန်းသား (၃၀) ဦးတို့ဖြင့် သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် (၂-၃-၂၀၁၇) ရက်နေ့က မီးဘေးဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၈)ဦးအတွက် ဆန်ဖိုးငွေ (၇၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၂၀၇၂၀၀)ကျပ်အား (၆-၃-၂၀၁၇) ရက်နေ့တွင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ပို့ချမှုသတင်း
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ) (၇-၃-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများသည် FREDA အဖွဲ့နှင့် ပူးပေါင်း၍ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ဘင်္ဂလားကျေးရွာတွင် ရပ်ရွာအခြေပြု ပြည်သူလူထု ပူးပေါင်းပါဝင်သော သဘာဝဘေးအန္တရာယ်လျော့ပါးရေးသင်တန်းအား သင်တန်းသား / သူ (၂၀) ဦးဖြင့် (၄-၃-၂၀၁၇) ရက်နေ့မှ (၉-၃-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လက်တွေ့လေ့ကျင့်ဆောင်ရွက်မှုများနှင့်အတူ အုပ်စုဖွဲ့ ဆေးနွေးဆောင်ရွက်မှုများအား သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်၊
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာအုပ်စု၊ လက်ထုပ်ကျေးရွာတွင် (၇.၃.၂၀၁၇)ရက်နေ့က သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application ထည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/ ကျေးရွာသား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှုးရုံး (ကဆရ) မှ တာဝန်ရှိ သူများသည် (၅-၃-၂၀၁၇ ) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ ကုန်တင်ကုန်ချကော်မတီရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ရာ လူဦးရေစုစုပေါင်း (၅၁) ဦးခန့်တက်ရောက်ကြောင်းသတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှုးရုံး (ကဆရ)
-
ပျဉ်းမနားမြို့နယ် သပြေလှကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
Source; ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ) (၄-၃-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ် သပြေလှကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၁၀) စုအတွက် ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၄၉၉၇၀၀) ကျပ်အား နေပြည်တော်၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြာင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လယ်ဝေးမြို့၊ ကြံခင်းစုကျေးရွာ၌ (၆-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)မှ ဦးစီး၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူကျေးရွာသား (၁၀၀)ဦး တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသင်တန်းကျောင်းများကို လေ့လာကြည့်ရှုခြင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်နေသူများအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ အလှူငွေကို လွှဲပြောင်းပေးအပ်မှုသတင်း
ရန်ကုန်၊ မတ်လ (၂) မသန်စွမ်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးဖြစ်ရာ မသန်စွမ်းများ၏ အခွင့်အရေးများကို အတတ်နိုင်ဆုံးပြည့်ဝစွာ ခံစားရရှိနိုင်ရေးအတွက် မသန်စွမ်းနည်းဥပဒေများကို ရေးဆွဲပြီးဖြစ်ရာ အတည်ပြု ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ မသန်စွမ်းသူများသည် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို သင်ကြားလေ့လာခွင့်ရရှိပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်သည့် အခြေအနေသို့ ရောက်ရှိရန် လေ့ကျင့် သင်ကြားလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) သို့ ယနေ့ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက ကျောင်း၏သမိုင်း အကျဉ်းနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ သက်မွေး ပညာသင်ကြားနေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်လိုသည့် … Read more
-
လှိုင်သာယာမြို့နယ်၊ ဒိုင်းစုကျေးရွာနှင့် ရေအုတ်ကန်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း
(၂၈-၂-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်၊ ဒိုင်းစုကျေးရွာနှင့် ရေအုတ်ကန်ကျေးရွာတို့တွင် မီးဘေးသင့် အိမ်ခြေ (၇၅) လုံး၊ အိမ်ထောင်စု (၇၅) စုတို့မှ လူဦးရေ (၁၈၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်၊ ဆီ၊ ဂျုံ၊ ရေသန့်၊ HUAWEI Kit တို့ ထောက်ပံ့ပေးခဲ့ပြီး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-) ကျပ်နှင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၃၀၀,၀၀၀/-) ကျပ်အား … Read more
