ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် (၂-၃-၂၀၁၇) ရက်နေ့က မီးဘေးဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၈)ဦးအတွက် ဆန်ဖိုးငွေ (၇၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၂၀၇၂၀၀)ကျပ်အား (၆-၃-၂၀၁၇) ရက်နေ့တွင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။