Author Archives: Department of Disaster Management
-
သထုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၅/၂၀၁၇)ကို သင်တန်းသား (၃၂)ဦး ဖြင့် (၂၀-၃-၂၀၁၇)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးတွင် သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ရွှေရတုခန်းမတွင် DAN Mobile Application အသုံးပြုပုံများနှင့် သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုများကို (၂၀-၃-၂၀၁၇)ရက်နေ့တွင်ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ရွာနေပြည်သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာ၊ စာကြည့်တိုက်၌ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောပွဲ အား (၁၉-၃-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး (ကဆရ) ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင် များ၊ ပိုစတာများ ဖြန့်ဝေခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၁၇) ရက်နေ့တွင် မင်းလှမြို့နယ် သဲကောကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြေငလျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်မြေငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ကျင်းပမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် မြေငလျင်ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မြေငလျင်ဘေး အန္တရာယ် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း(မြို့ပြ)ကို (၁၈-၃-၂၀၁၇) ရက်နေ့က ကျင်းပခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် အခြားသက်ဆိုင်ရာ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ Seeds Asia၊ DRRWG၊ Myanmar rescue၊ Plan International Myanmar စသည့် INGOs၊ NGOs အဖွဲ့အစည်းများ နှင့် … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် (၁၅-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့် အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ Care Myanmar Family Kits၊ ဆီ၊ ရေသန့်၊ ရေပုံးခွံတို့ကို (၁၆-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ပါ သက်ကြီးပင်စင်ထောက်ပံ့မှု အစီအစဉ် ရှင်းလင်းဆွေးနွေးမှုသတင်း
နေပြည်တော်၊ မတ်လ (၁၆)ရက် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရေး လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို အသုံးပြုဖော်ဆောင်ရမှာဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)နှစ်အရွယ်အထိ ကလေးသူငယ်များကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ ယင်းထောက်ပံ့ငွေကို အသက်ပိုကြီးသော ကလေးများအတွက် အဆင့်ဆင့်တိုးချဲ့ပေးအပ်ခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးသော အစီအစဉ်များဆောင်ရွက်ခြင်း၊ အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကြောင်းပညာရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ လူမှုရေးပင်စင်အစီအစဉ် ဆောင်ရွက်ခြင်း၊ သက်ကြီးသူချင်း ကူညီစောင့် ရှောက်ရေးအဖွဲ့များအား ထောက်ပံ့ခြင်း၊ ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ စသည့်လုပ်ငန်းစဉ်(၈)ရပ်ပါရှိသော … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် တွင် (၁၇-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးဘေးသင့်အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၈)စုစာ၊ ဆန်ရိက္ခာ(၃)ရက်စာ (၂၇၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ် တို့ကို (၁၈-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၇၀)ရပ်ကွက်တွင် (၁၅-၃-၂၀၁၇) ရက်နေ့ကမီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၃၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၁၉၀၀)ကျပ်နှင့် Care Myanmar Family Kits တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကိုကိုးကျွန်းမြို့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းနှင့် တိုက်ကြီးမြို့ငလျင်ဘေး ကူညီဆောင်ရွက်မှုသတင်း
ရန်ကုန်၊ မတ်လ (၁၄)ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် တပ်မတော်လေယာဉ်ဖြင့် ကိုကိုးကျွန်းမြို့သို့ သွားရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကိုကိုးကျွန်းမူကြိုသို့ သွားရောက်၍ မူကြိုသင်ကြားရေး နည်းစနစ်များ ခေတ်နှင့်အညီဖြစ်စေရေး သင်ထောက်ကူပစ္စည်းများ လုံလောက်စွာရှိရေး တို့ကိုမှာကြား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကလေးငယ်များအား ကြက်ကြော်များ ကျွေးမွေး၍ ကစားစရာအရုပ် များဝေငှခဲ့ပါသည်။ ပြည်ထောင်စု၀န်ကြီးသည် မြို့နယ်ခန်းမတွင် … Read more
