ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် မြေငလျင်ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မြေငလျင်ဘေး အန္တရာယ် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း(မြို့ပြ)ကို (၁၈-၃-၂၀၁၇) ရက်နေ့က ကျင်းပခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် အခြားသက်ဆိုင်ရာ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ Seeds Asia၊ DRRWG၊ Myanmar rescue၊ Plan International Myanmar စသည့် INGOs၊ NGOs အဖွဲ့အစည်းများ နှင့် အခြားလူမှုရေးအသင်းအဖွဲ့များ၊ ကြည့်မြင်တိုင်မြို့နယ်ရှိဒေသခံ ပြည်သူများနှင့် ပူပေါင်းဆောင်ရွက်ကာ ပြည်သူများ အသိပညာရရှိရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ နည်းလမ်းပေါင်းစုံဖြင့် Urban Resilience ဖြစ်ရေး ပူးပေါင်းကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။