Author Archives: Department of Disaster Management

  • လားရှိုးမြို့နယ်တွင် “သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ်ခါးသျှီးကျေးရွာနှင့် ခေးနင်း ကျေးရွာတို့တွင် “သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာပြည်သူလူထု စုစုပေါင်း လူဦးရေ (၁၇၀) ဦးခန့် တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား လက်ကမ်းစာစောင််များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လာရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကလေးဝမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    (၂၇-၃-၂၀၁၇) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကလေးဝမြို့နယ် အတွင်း (၂၅-၃-၂၀၁၇) ရက်နေ့လေပြင်းတိုက်ခတ်မူကြောင့် အမိုးလန်ပျက်စီးခဲ့သော ရပ်ကွက်ကျေးရွာ (၂၂) ခု အိမ်ထောင်စု (၄၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့ကို ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်လွှဲပြောင်းထောက် ပံ့ခဲ့ကြောင်း သိရှိရပါသည်။Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၃-၂၀၁၇)ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ စုစုပေါင်း (၁၀၈) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၃-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ ယမ်းခမ်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင်တို့တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းလပ်မြို့နယ်၊ ဝမ်းလန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ (၁၅၀)ဦးအား (၂၃-၃-၂၀၁၇)ရက်နေ့က လည်းကောင်း၊ တုံတာမြို့နယ်၊ စိန်ဂျိုးဇက်ဘုရားကျောင်းတွင် လူဦးရေ (၁၅၀)ဦးအား (၂၂-၃-၂၀၁၇) ရက်နေ့က လည်းကောင်း၊ တာလေမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူဦးရေ (၅၀) ဦးအား (၂၂-၃-၂၀၁၇)ရက်နေ့ကလည်းကောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ ပညာပေးမှတ်တမ်းဓါတ်ပုံများ၊ ဗွီဒီယိုများပြသခြင်း၊ DAN Mobile Application အသုံးပြုနည်းအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events