လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်တွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

mm2

(၂၆-၃-၂၀၁၆)စစ်တွေမြို့
‘‘ရခိုင်ပြည်နယ်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်း ရေးရရှိရန်အ‌ြခေခံအချက်ဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့လိုအပ်ချက်များ ဖြည့်ဆည်းနိုင် ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေး ခြင်းမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရှေ့ရှုဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများအကောင်အထည်ဖေါ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖေါ်ဆောင်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်စေရေးဖေါ်ဆောင်လျက်ရှိရာဥပဒေနှင့် အညီပွင့်လင်း မြင်သာ စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ဥပဒေမူဝါဒများနှင့်အညီ အသက် (၉၀) နှစ် နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားသော ကလေး(၂)  နှစ်နှစ် ပြည့်သည်အထိ တိုက်ရိုက်ငွေကြေးထောက်ပံ့မှုစနစ်များကို (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်များကြောင့် ဒုက္ခခံစားနေကြရသောသူများအတွက် အခြေအနေကောင်းတစ်ရပ်ပြန်လည်ရောက်ရှိစေရေး၊ လူမှုအဖွဲ့အစည်းများ၊ အခြားဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြရန်ဖြစ်ကြောင်းဖြင့်’’ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၁ရခုနှစ်မတ်လ(၂၄)နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သော အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါသည်။ တက်ရောက်လာကြသောပြည်သူများက တွေ့ကြုံခံစား နေရသည့် လူမှုရေးအခက်အခဲများ၊ သဘာဝဘေးကြောင့် နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသော ရေကြီးနစ်မြုပ်မှု ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်ထားလိုမှုများနှင့်စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ကျောက်ဖြူမြို့၊ ကညင်တော IDPစခန်းသို့ရောက်ရှိပြီး ပြည်သူများနှင့် တွေ့ဆုံကာ ပြင်ဖြူမော်ရွာရှိ ဆောက်လုပ်ပြီးနေအိမ်များသို့ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် လမ်းနှင်‌့လျှပ်စစ်မီး လိုအပ်ချက်များကိုဆောင်ရွက်ပေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ဆန်၊ဆီ၊ပဲ၊ဆား ရိက္ခာများကိုထောက်ပံ့ခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျောက်တစ်လုံး IDPစခန်းသို့ရောက်ရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမည့်အစီအစဉ်မျာနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး ဆန်၊ဆီ၊ပဲနှင့်ဆားရိက္ခာ တို့ကို ထောက်ပံ့ ပေးအပ် ခဲ့ပါသည်။
အလားတူပင် ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ ပြည်သူလူထု၏လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ပေးခြင်း၊ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ အမှတ် (၆) ရပ်ကွက်ရှိ IDPစခန်းသို့ သွားရောက်ပြီး ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းပြီး စားနပ်ရိက္ခာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
၂၀၁ရခုနှစ်၊ မတ်လ၂၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမ်းမြို့ရှိ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံကာ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ ဆောင်ရွက်ပေးနေမှုအ‌ြခေအနေများ၊ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများရေးဆွဲပြဌာန်းပေးနိုင်မှုအ‌ြခေအနေများနှင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ပေး မည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားပြီး တက်ရောက်သူများမှ ကြုံတွေ့ရသော အခက်အခဲများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယင်းနေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သော ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဒေသတွင်းပြန်လည် နေရာချထားရေးကိစ္စ၌ ဒေသခံပြည်သူများ၏ သဘောထားအမြင်များနှင့်ပတ်သက်၍  ဆွေးနွေးကြပြီး လက်တွေ့အကောင်အထည်ဖေါ်ရန် နည်းလမ်းများကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖေါ်ဆောင်ရေး တို့သည် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် အဓိက အထောက် အကူပြုမည်ဖြစ်သဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး (၅) နှစ်စီမံချက်မူကြမ်းပြုစုထားရှိမှုအပေါ် သဘောထားအမြင်များ ဆွေးနွေးခြင်း၊ လက်တွေ့အကောင်အထည်ဖေါ်မှုအတွက် လိုအပ်ချက်နှင့် ပံ့ပိုးမှုများ အတွက် အသေးစိတ် ဆွေးနွေးခြင်းများလည်းဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်း အလေးထားဆောင်ရွက်လျက်ရှိသော လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍  ကျေးရွာများတွင် အ‌ြခေခံလိုအပ်ချက်များဖြစ်သော ပညာ ရေး၊ ကျန်းမာရေးနှင့်လူမှုရေးကိစ္စရပ်လိုအပ်ချက်များ၊ ဌာ‌နေတိုင်းရင်းသားများနှင့်တွေ့ဆုံရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်း‌ြပောကြားရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မြင့်ဂါကျေးရွာနှင့် ကျောက်ပြင်ကျေးရွာများသို့ သွားရောက်ခဲ့ ပါသည်။ ကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှုအ‌ြခေအနေ၊ အသက်မွေးဝမ်းကြောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုနှင့် ကျေးရွာအတွင်း လိုအပ်ချက်များကို အကြံပြုတင်ပြကြရန် ‌ြပောကြားပါသည်။ ပြည်သူများ၏ တင်ပြချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း‌ြဖေရှင်းပေးပြီး ကျေးရွာများရှိ စာကြည့်တိုက် ပြုပြင်ရန်၊ ပရိဘောဂများ ဝယ်ယူဖြည့်တင်းရန်နှင့် စာအုပ်စာတမ်းများ ဝယ်ယူရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ဆိုင်တင် ရေအား လျှပ်စစ်ဝင်းအတွင်း ဖွင့်လှစ်ထားရှိသော Smart အထည်ချုပ်လုပ်ငန်းသို့ရောက်ရှိကြပြီး ပညာရေး ဝန်ကြီးဌာနက မှာယူထားသော ကျောင်းဝတ်စုံများ ချုပ်လုပ်နေမှုနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်ချက်များကို ညှိနှိုင်း‌ြဖေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအထည်ချုပ်စက်ရုံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားများနှင့် အဝေးသို့ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ မိမိတို့ပြည်နယ်သို့ ပြန်လည်အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်သော အခွင့်အရေးရရှိပြီး စုစုပေါင်းလုပ်သား (၁၀၀) ကျော်ခန့် အလုပ်ရရှိခဲ့သည်ဟု သိရှိရပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ပြည်သူများနှင့် တွေ့ဆုံပြီး အားပေးစကား‌ြပောကြားကာ ကလေးငယ်များအတွက် ကစားစရာနှင့် မုန့်များကို ဝေငှထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events