(၂၇-၃-၂၀၁၇) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကလေးဝမြို့နယ် အတွင်း (၂၅-၃-၂၀၁၇) ရက်နေ့လေပြင်းတိုက်ခတ်မူကြောင့် အမိုးလန်ပျက်စီးခဲ့သော ရပ်ကွက်ကျေးရွာ (၂၂) ခု အိမ်ထောင်စု (၄၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့ကို ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်လွှဲပြောင်းထောက် ပံ့ခဲ့ကြောင်း သိရှိရပါသည်။Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)