Author Archives: Department of Disaster Management
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပြန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် ဟဲဟိုးမြို့မစျေး၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပြန်ကြားချက်လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရန်နှိုးဆော်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိိသူများသည် (၉-၄-၂၀၁၇)ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ကျိုင်းတုံမြို့တွင်း ရပ်ကွက်နေပြည်သူသို့ပြန်ကြားချက်အား လိုက်လံနှိုးဆော်နေပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဆီဆုံကန်ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေ ထောက်ပံ့မှုသတင်း
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိ သူများသည် သောက်သုံးရေရှားပါးသော မြစ်သားမြို့နယ်၊ ဆီဆုံကန်ကျေးရွာအတွက် ရေသန့်ကတ် (၆) လုံးပါ (၂၀၀) ကဒ်အား လတ်တလော သောက်သုံးနိုင်ရန်ထောက်ပံ့ခြင်း ရွာ၏အပြင်ဘက်၌ ရေချို ရရှိနိုင်မည့်နေရာများကို လိုက်လံကြည့်ရှု့ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရေရှည်သောက်သုံးရေဖူလုံစေရေး ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။ Source:မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဗန်းမော်မြို့၊ ရေနီကျေးရွာတွင်(၃-၄-၂၀၁၇) ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားခံရမှုအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့၌ ဗန်းမော်မြို့၊ ရေနီကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား ခံရမှုကြောင့် ညောင်ပင်သာကျေးရွာသို့ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၇၃) စု၊ အိမ်ခြေ (၁၄၈) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ဖိုးငွေ (၁၈၉၀၀၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၈၀၀၀၀၀ိ/-)ကျပ်နှင့် ကံသာကျေးရွာရှိအိမ်ထောင်စု(၇၇) စု၊ အိမ်ခြေ (၇၇) လုံးတို့တွင် အိမ်ထောင်စု (၃၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ဖိုးငွေ (၄၂၆၃၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၇၀၀၀၀၀ိ/-) … Read more
-
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ င၀န်မြစ်အတွင်း စက်လှေနစ်မြုပ်မှု အခြေအနေနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ကူညီဆောင်ရွက်မှု အခြေအနေ
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ င၀န်မြစ်အတွင်း (၇-၄-၂၀၁၇)နေ့ (၁၉: ၁၀) အချိန်ခန့်တွင် ပုသိမ်မြို့မှ ငပုတောမြို့သို့ မင်္ဂလာဆောင်အပြန် လူဦးရေ(၅၀)ကျော် တင်ဆောင်လာသော ငွေကြယ်စင်စက်လှေသည် ဥမ္မာဒန္တီ ဆိပ်ခံတံတားအနီးတွင် နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် တိုက်မိခဲ့ ရာ ငွေကြယ်စင်စက်လှေနစ်မြုပ်ခဲ့ပြီး ကျား (၄)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၂၀) ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကြောင်း၊ ကျား(၂၅)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၂၉) ဦး အသက်ရှင်လျက် ကူညီကယ်ဆယ်နိုင်ခဲ့ ေကြာင်း၊ ကျား(၂၁) ဦး၊ မ(၄)ဦး၊ စုစုပေါင်း (၂၅)ဦးကိုပုသိမ်ဆေးရုံ၌ အတွင်းလူနာ အဖြစ်လည်းကောင်း၊ … Read more
-
သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ထိရောက်စွာဖော်ဆောင်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်မှုသတင်း (၉.၄.၂၀၁၇)
သဘာဝဘေးကိုတုံ့ပြန်ရန် အစဉ်အမြဲအသင့်ဖြစ်နေစေရေး၊ သဘာဝဘေးနှင့် ပတ်သက်၍ ဘေးဒဏ်ခံနိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေး၊ ယခင်နှစ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုများကို သင်ခန်းစာယူ၍ ယခုနှစ်တွင် ကြိုတင်ပြင်ဆင်မှု အပိုင်းကို အလေးထားပြီး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စေရေး ပြည်သူ၏ လိုအပ်ချက်များကို သိရှိဖော်ဆောင်ပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေ သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက သာပေါင်းမြို့နယ်၊ မအူပင်ဒေါင့် ကျေးရွာသို့သွားရောက်၍ အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ … Read more
-
(၃-၄-၂၀၁၇) ရက်နေ့၌ ရွှေကူမြို့နယ်တွင် ဖြစ်ပွားသောလေဘေးအတွက် ထောက်ပံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့၌ ရွှေကူမြို့နယ်တွင် ဖြစ်ပွားသော လေဘေးကြောင့် အိမ်ထောင်စု (၁၉၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီနှင့် အိမ်ထောင်စု (၂၂၄) စုအတွက် ဆန်ဖိုးငွေ (၂၁၁၀၅၀၀ိ/-) ကျပ်၊ အိမ်ခြေ (၁၉၉) လုံးအတွက် ထောက်ပံံ့ငွေ (၁၉၉၀၀၀၀၀ိ/-) ကျပ်၊ ဘာသာရေးအဆောက်အဦး (၉) လုံးအတွက် ထောက်ပံငွေကျပ် (၉၀၀၀၀၀ိ/-) နှင့် လေဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁) … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာတွင် (၁-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ် မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂)လုံး ပျက်စီးခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါလေဘေးသင့် အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၈၉၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ် စုစုပေါင်း (၂၁၈၉၀၀)ကျပ်တို့ကို (၇-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊နတ်ရေကန်ကျေးရွာပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊နတ်ရေကန်ကျေးရွာ၊အိမ်ထောင်စုရ၂၀၊လူဉီးရေ၃၄၉ဝအတွက်သောက်သုံးရေ၁၃ဝဝဂါလံသွားရောက်သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
အမ်းမြို့နယ်အတွင်လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၇)ရက်နေ့တွင် အမ်းမြို့နယ်မှာ လေပြင်းတိုက်ခတ်ခဲ့ပြီး သံဖြူမိုး၊ထရံကာ လေးပင်အိမ်(၃)လုံး အမိုးနှင့်အကာများပျက်စီးခဲ့ပြီးနေအိမ်(၂)လုံးပြိုလဲပျက်ဆီးခဲ့သောလေဘေးသင့် အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ်စည်းဖိုး တစ်အိမ် (၁၀၀၀၀၀) နှုန်းဖြင့် (၅၀၀၀၀၀)၊ ကယ်ဆယ်ရေးပစ်စည်း အိမ်ထောင်စု (၅)စုစာ၊ ဆန်ဖိုး(၄၆၂၀၀)တို့ကို (၇-၄-၂၀၁၇) တွင်အမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ သွားရောက် ထောက်ပ့ံပေးအပ်ခဲ့ေ ကြာင်းသိရှိ ပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
