Author Archives: Department of Disaster Management
-
မိုးလေဝသသတင်း အမှတ်စဉ်(၁၁)၊၂၀၁၇ မိုးလေဝသအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် အားပျော့သွားပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ပါသည်။ ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha)အတွက် နောက်ဆုံးထုတ်ပြန်ပေးသည့် သတင်း ဖြစ်ပါသည်။
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ကညွှတ်ကွင်းကျေးရွာတွင် (၁၄-၄-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခက်မှုကြောင့် ပြိုလဲလူနေအိမ်(၁) လုံးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁)အိမ်ထောင်စာ၊ အမိုးလန်နေအိမ် (၆)လုံးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀,၀၀၀)၊ ဘုန်းကြီးကျောင်းအမိုးလန်(၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၈ဝဝ,ဝဝဝ) အား (၁၆-၄-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မိုးလေဝသသတင်း အမှတ်စဉ်(၁၀)၊၂၀၁၇ မိုးလေဝသအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) သည် ရခိုင်ကမ်းရိုးတန်း ဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ ကုန်းတွင်း မုန်တိုင်းငယ် အဆင့်မှ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားပြီ ဖြစ်ပါသည်။ (ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် … Read more
-
ဧရာဝတီတိုင်းဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၉)ရပ်ကွက်၊ သီတာလမ်းနေ ဦးမောင်ရွှေနေအိမ်၌ မြေးဖြစ်သူ ဦးရဲလင်းခိုင်မှ နေအိမ်ခေါင်မိုးအား ပြုပြင်နေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျခဲ့ပြီး အိမ်အတွင်းသို့ ဆက်သွယ် ထားသော ဝါယာကြိုးပြတ်ကျ ခဲ့ရာမှ အမျိုးသမီး (၂)ဦး ဓာတ်လိုက်မှုဖြစ်ပွား၍ သေဆုံးခဲ့သဖြင့် အဆိုပါသေဆုံးသူ(၂)ဦး၏ ကျန်ရစ်သူမိသားစုများထံသို့ (၁၇-၄-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ(၆)သိန်းတိတိအား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဖရူဆိုမြိုနယ်အတွင်း ကျေးရွာများသို့ သောက်သုံးရေများနှင့် ရေသန့်ဆေးထုပ် များ ဖြန့်ဝေလှူဒါန်းပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ရုံးနှင့် ရွှေလွိုင်ကော်လူမှုအဖွဲ့ပရဟိတအဖွဲ့ပူးပေါင်းပြီး နွေရာသီ သောက်သုံးရေ ရှားပါးသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာသို့ (၁၂၀၀) ဂါလံဆန့် ရေယာဉ်(၁) စီး၊ (၁၁၀၀) ဆန့် ရေယာဉ်(၁)စီး စုစုပေါင်း (၂) စီးနှင့် ရေသန့် ဆေးထုပ်များ ကို (၁၄.၄.၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပန်ကြားချက် စာရွက်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ … Read more
-
လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေ သည် (၁၄ – ၄ -၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ကျိုက်မရော မြို့နယ် သံကလောင် ကျေးရွာနှင့် လက်ပန်ကျေးရွာတို့မှ လူနေအိမ်(၁၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီနှင့် အမိုးသွပ် (၂၉၇) ချပ်တို့အား လည်းကောင်း အထက တရနာအတွက် အမိုးသွပ် (၂၀) ချပ်နှင့် သံကလောင်ကျေးရွာ မူကြိုကျောင်း အတွက် အမိုးသွပ် (၇)ချပ်တို့အား လည်းကောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ … Read more
-
လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မော်လိုက်ခရိုုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ညောင်ဝန်းကျေးရွာ၊ ရွာသစ် ကျေးရွာနှင့် လမ်းကူးကျေးရွာရှိ နေအိမ်(၅) အိမ်အတွက် (၁) အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်တို့ကို (၅-၄-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းစိုက်ထူမှုသတင်း
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်အား ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ကားလမ်းနှင့် ရထားလမ်းဆုံရာ၌ အများပြည်သူကြည့်ရှုဆောင်ရွက်နိုင်ရန် (၁၂-၄-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများနှင့် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများသည် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဗွီနိုင်းစိုက်ထူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အင်္ဂပူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူမြို့နယ်၊ ကုန်းပြင်အုပ်စု၊ ကြို့ပင်စုနှင့် ထုံးပေါ်ကျေးရွာများတွင် (၄-၄-၂၀၁၇)ရက်နေ့တွင်ဖြစ်ပွားသော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး အိမ်ခြေ (၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးကိုလည်းကောင်း၊ အမိုးလန်ပျက်စီး အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀)၊ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၄၆,၂၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ဆယ်ရေးရန်ပုံငွေ (၄၄၆,၂၀၀) ကျပ်၊ ကြို့ပင်စုဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးအတွက် (၁၀၀,၀၀၀)ကျပ်၊ တို့ကို (၁၂-၄-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး-၂နှင့် ဝန်ထမ်းများသည် အင်္ဂပူ … Read more
-
မိုးကောင်းမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှု သတင်း
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ကျွန်းပင်သာကျေးရွာအုပ်စု၊ စံပါရီကျေးရွာတွင် (၈-၄-၂၀၁၇) ရက်နေ့ (၁၃း၁၀) အချိန်တွင် ဆေးလိပ်မီးကြွင်းမီးကျန်မှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး၊ ဘေးသင့်အိမ်ထောင်စု (၁) စု စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (ပလပ်စတစ်ပုံး အပါအဝင်)၊ အိမ်ဆောက်ပစ္စည်ဖိုး (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၂,၁၀၀) ကျပ်တို့ကို မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား မိုးညှင်းခရိုင် ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများက(၁၂-၄-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
