မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ကျွန်းပင်သာကျေးရွာအုပ်စု၊ စံပါရီကျေးရွာတွင် (၈-၄-၂၀၁၇) ရက်နေ့ (၁၃း၁၀) အချိန်တွင် ဆေးလိပ်မီးကြွင်းမီးကျန်မှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး၊ ဘေးသင့်အိမ်ထောင်စု (၁) စု စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (ပလပ်စတစ်ပုံး အပါအဝင်)၊ အိမ်ဆောက်ပစ္စည်ဖိုး (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၂,၁၀၀) ကျပ်တို့ကို မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား မိုးညှင်းခရိုင် ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများက(၁၂-၄-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)