ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ကညွှတ်ကွင်းကျေးရွာတွင် (၁၄-၄-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခက်မှုကြောင့် ပြိုလဲလူနေအိမ်(၁) လုံးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁)အိမ်ထောင်စာ၊ အမိုးလန်နေအိမ် (၆)လုံးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀,၀၀၀)၊ ဘုန်းကြီးကျောင်းအမိုးလန်(၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၈ဝဝ,ဝဝဝ) အား (၁၆-၄-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events