Author Archives: Department of Disaster Management
-
ဧရာဝတီတိုင်းဒေသကြီး၊ ကြံ့ခင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဟင်္သာတခရိုင်ဦးစီးမူးရုံးမှ ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းအုပ်စု၊ ပိန္နဲကွင်းကျေးရွာတွင် (၁၇-၄-၂၀၁၇)ဖြစ်ပွားသော လေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံးမှ အိမ်ထောင်စု(၁)စု လူဦးရေ(၂)ဦးအား ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၁)အိမ်ထာင်စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၄၂၀၀/-)ပြိုကျအိမ်(၁)ှလုံးအတွက် အိမ်ဆာက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀၀၀၀/-)စုစုပေါင်း (၁၀၄၂၀၀/-)ကို (၂၁-၄-၂၀၁၇)ရက်နေ့တွင် ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာန၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချ ုပ်ရေးမှူးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ကြံခင်းမြို့နယ်အထွေထွေအုပ်ချ ုပ်ရေးမှူးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ သောင်ကြီးအထက်ပိုင်းရွာတွင် (၁၉-၄-၂၀၁၇)ရက်နေ့၌ မြစ်ကမ်း ပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ စုစုပေါင်း (၄၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ(၈၈၂၀၀ိ/-)၊ အိမ်ဆောက် ပစ္စည်းဖိုး(၉၀၀၀၀၀ိ/-)၊ စုစုပေါင်း(၉၈၈၂၀၀ိ/-)အား (၂၀-၄-၂၀၁၇)ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး(ညွှန်ကြားရေးမှူး)၊ ပုသိမ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ငါးအိမ်တန်းကျေးရွာရှိ လေဘေးသင့်ပြည်သူ များအား ထောက်ပံ့မှုသတင်း
ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ငါးအိမ်တန်းကျေးရွာတွင် (၁၇-၄-၂၀၁၇) ရက် နေ့က လေပြင်းတိုင်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ (၁) လုံး၊ ဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ် ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် နှင့် လူဦးရေ (၃) ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာ ဖိုး (၆၃၀၀) ကျပ် ၊ စုစုပေါင်း (၁၀၆၃၀၀) ကျပ် တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ … Read more
-
သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်မှု အဆင်သင့်ဖြစ်ရေး ကျေးရွာပြည်သူများနှင့်အတူဆွေးနွေးဆောင်ရွက်မှုသတင်း
သဘာဝဘေးကို တုံ့ပြန်ရန် အစဉ်အမြဲအသင့်ဖြစ်နေစေရေး၊ ဘေးဒဏ်ခံနိုင်စွမ်းရှိသော လူ့ အဖွဲ့ အစည်းတစ်ရပ် ဖြစ်ပေါ်စေရေး၊ ယခင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုများကို သင်ခန်းစာ ယူ၍ ယခုနှစ်တွင် ကြိုတင်ပြင်ဆင်မှုအပိုင်းကို အလေးထားပြီး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက် နိုင်စေရေး၊ ပြည်သူ့အသံကို နားထောင်၍ ပြည်သူတို့၏ လိုအပ်ချက်များကို သိရှိဖော်ဆောင်ပေးနိုင်စေ ရေးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင် ကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆတ္ထိုးပေါက်ကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာတို့တွင် … Read more
-
မြောက်ဦးမြို့နယ်တွင် လေပြင်ဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၁၇) ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအုပ်စု၊ ရွာဟောင်းတောကျေးရွာနှင့် မောင်သာကုန်းကျေးရွာတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်များကို ကျေးရွာနေပြည်သူများအား ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအုပ်စု၊ ရွာဟောင်းတောရွာတွင် (၁၉-၄-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၂)လုံးမီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ မီးလောင်ဆုံးရှုံခဲ့သော အိမ်ခြေ (၂)လုံးမှ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေတို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၂၀-၄-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာအုပ်စု၊ ရုပ်ချောင်းကျေးရွာတွင် (၁၂-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေများမှ လေဘေးသင့်ပြည်သူ (၁၀၇)ဦးအတွက် ဆန်ရိက္ခာ (၄)ရက်စာကို (၁၉-၄-၂၀၁၇)ရက်နေ့က မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ ထပ်မံထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရမ်းဗြဲမြို့နယ်၊ မကျည်းရွာတွင် မုန်းတိုင်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျေက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မာရသာမုန်တိုင်းကြောင့် ရမ်းဗြဲမြို့နယ်၊ မကျည်းရွာတွင် ပိုက်ဆိပ်တဲ အလုံး (၇၀) အမိုးလန်ခြင်းအတွက် ပိုက်ဆိပ် တဲ (၁) လုံးလျှင် (၁၀၀၀၀) ကျပ် နှုန်းထောက်ပံ့ခဲ့ရာ စုစုပေါင်းထောက်ပံ့ငွေ (၇၀၀၀၀၀) ကျပ်အား (၁၉-၄-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျေက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက်ဗီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၇) ရက်နေ့က လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၁)စံပြစျေးကြီးတွင် စိုက်ထူပေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာစိုက်ထူမှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာ ဝန်ရှိသူများသည် လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာအား (၂၀-၄-၂၀၁၇) နေ့တွင် ကလေးခရိုင်ပြည်သူဆေးရုံရှေ့၌ စိုက်ထူ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
