ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ငါးအိမ်တန်းကျေးရွာတွင် (၁၇-၄-၂၀၁၇) ရက် နေ့က လေပြင်းတိုင်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ (၁) လုံး၊ ဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ် ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် နှင့် လူဦးရေ (၃) ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာ ဖိုး (၆၃၀၀) ကျပ် ၊ စုစုပေါင်း (၁၀၆၃၀၀) ကျပ် တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)