ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၇) ရက်နေ့က လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၁)စံပြစျေးကြီးတွင် စိုက်ထူပေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။