ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအုပ်စု၊ ရွာဟောင်းတောရွာတွင် (၁၉-၄-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၂)လုံးမီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ မီးလောင်ဆုံးရှုံခဲ့သော အိမ်ခြေ (၂)လုံးမှ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေတို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၂၀-၄-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events