ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

Pathein_21_4_2017

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ သောင်ကြီးအထက်ပိုင်းရွာတွင် (၁၉-၄-၂၀၁၇)ရက်နေ့၌ မြစ်ကမ်း ပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ စုစုပေါင်း (၄၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ(၈၈၂၀၀ိ/-)၊ အိမ်ဆောက် ပစ္စည်းဖိုး(၉၀၀၀၀၀ိ/-)၊ စုစုပေါင်း(၉၈၈၂၀၀ိ/-)အား (၂၀-၄-၂၀၁၇)ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး(ညွှန်ကြားရေးမှူး)၊ ပုသိမ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events