Author Archives: Department of Disaster Management
-
ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးနေမှုသတင်း
(၁၉-၅-၂၀၁၇)ရက်နေ့၊ ညောင်ဦးခရိုင်၊ ထီးပုကျေးရွာအုပ်စု၊ ဆင်လူးအိုင်ကျေးရွာ အိမ်ခြေ (၇၀) အိမ်ထောင်စု (၇၃) လူဦးရေ (၃၇၂) ဦးအတွက် သောက်သုံးရေဂါလံ (၃၂၀၀) ဂါလံအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၈-၅-၂၀၁၇)ရက်နေ့၊ လေပြင်းတိုက်ခတ်မှူကြောင့် ကျောက်ဖြူမြို့နယ်၊ ဝပြေကျေးရွာအုပ်စု၊ ဝပြေကျေးရွာတွင် နေအိမ်တစ်လုံးပျက်စီးပြီး လေဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ ကျား(၁) ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၂) ဦးအတွက် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၁၉-၅-၂၀၁၇) နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၀ ) မျိုး၊ (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀) ကျပ်၊ စုစုပေါင်း ( ၁၀၄၂၀၀ိ/-)ကျပ်အားထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၇-၅-၂၀၁၇)ရက်နေ့ (၂၁း၃၀) အချိန် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့၍ လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၄) ဦး အတွက် (၁၉-၅-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀ိ/-) စုစုပေါင်း (၁၀၈၄၀၀ိ/-)ကျပ်တိတိအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၆.၅.၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ရေပေါ်ကျေးရွာအတွင်း သစ်ပင်ပိမိပြီး ဆေးရုံတက်ကုသမှုခံယူခဲ့သည့် လူနာ ဒေါ်စန်းစန်းချိုအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်နှင့် (၁၄.၅.၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ တကူအလယ်ပိုင်းကျေးရွာအတွင်း မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးမောင်ရွှေအတွက် နာရေးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀ိ/) ကျပ်အား (၁၉.၅. ၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်၊ ကျောက်မဲဲမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁ရ့၅့၂၀၁၇)ရက်နေ့၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာတွင် လက်နက်ကြီး ထိမှန်မှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ခြေ (၂) လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၂) ဦးအတွက် ရန်ပုံငွေ (၂၅၀၀၀၀ိ/-) ကျပ်အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိလေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းကျေးရွာတို့တွင် (၁၁-၅-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀)ကျပ်နှင့် အမိုးလန်နေအိမ် (၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၇၀၀၀၀၀)ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၁၈-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အမှတ် (၃)ရပ်ကွက်၌ (၁၇-၅-၂၀၁၇)ရက်နေ့က မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာ (၁၆)ဦးတို့အား တစ်ဦးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၈၀၀၀၀၀)ကျပ်ကို (၁၈-၅-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူများသို့ပန်ကြားချက် ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၆- ၅ -၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူများသို့ ပန်ကြားချက်ဗွီနိုင်းဆိုင်းဘုတ်အား ကျောက်ဖြူမြို့နာရီစင်ကွင်းတွင် စိုက်ထူခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရေစကြိုမြို့နယ်၊ မအူပင်အလယ်ရွာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၁) လုံး အတွက် ထောက်ပံ့မှုသတင်း
ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မအူပင် အလယ်ရွာတွင် (၁၃-၅-၂၀၁၇) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် စက္ကူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာအတွက် (၈၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀) ကျပ်အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မတ္တရာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့၌ မတ္တရာမြို့နယ်အတွင်းဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၁၀၉) ဦးဘေးဒဏ်ခံစားခဲ့ရပါသည်။ အဆိုပါလေဘေးကြောင့် ပြိုလဲနေအိမ် ( ၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂) သိန်းကျပ် ၊ အမိုးလန်အိမ်ခြေ (၂၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄) သိန်းကျပ်၊ လူဦးရေ (၁၀၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၈,၉၀၀ ) ကျပ်၊ ကယ်ဆယ်ပစ္စည်း (၉) မျိုး ၊ အိမ်ထောင်စု … Read more
