(၁၇-၅-၂၀၁၇)ရက်နေ့ (၂၁း၃၀) အချိန် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့၍ လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၄) ဦး အတွက် (၁၉-၅-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀ိ/-) စုစုပေါင်း (၁၀၈၄၀၀ိ/-)ကျပ်တိတိအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။