ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းကျေးရွာတို့တွင် (၁၁-၅-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀)ကျပ်နှင့် အမိုးလန်နေအိမ် (၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၇၀၀၀၀၀)ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၁၈-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။