(၆.၅.၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ရေပေါ်ကျေးရွာအတွင်း သစ်ပင်ပိမိပြီး ဆေးရုံတက်ကုသမှုခံယူခဲ့သည့် လူနာ ဒေါ်စန်းစန်းချိုအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်နှင့် (၁၄.၅.၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ တကူအလယ်ပိုင်းကျေးရွာအတွင်း မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးမောင်ရွှေအတွက် နာရေးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀ိ/) ကျပ်အား (၁၉.၅. ၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။