Author Archives: Department of Disaster Management
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တပ်ကုန်းမြို့၊ ထန်းတောကြီးကျေးရွာအုပ်စု၊ သံခဲတောင်ကျေးရွာတွင် (၂၃-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုစာ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄,၁၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀,၀၀၀ိ/-)ကျပ်တို့အား (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သစ်တောကြီးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနှင့် စပါးထားရိုးကျေးရွာတို့တွင် (၁၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး အတွက်ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၈) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၁,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
သောက်သုံးရေနှင့် ရေသန့်ဆေးများဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်ရှိ ပြည်သူများအား သောက်သုံးရေ ဂါလံ (၂၄၀၀)၊ သုံးရေ ဂါလံ (၇၂၀၀)နှင့် ရေသန့်ဆေးများအား (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇)ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သန္တိသုခဓမာရုံတိုက်ပွဲရှောင်စခန်းသို့ ယာယီရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၁၂၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးရွာအုပ်စု(၈)စု ကျေးရွာ(၉)ရွာတွင် (၂၀-၅-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၁)လုံး အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ (၁)အိမ်ထောင်စာ (၁)ပုံး၊ လူဦးရေ (၄) ဦးအတွက် ဆန်ဖိုးငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-) နှင့် အမိုးလန်အိမ်ခြေ (၂၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၄၀၆၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၁၅၀၀၀ိ/-)အား ပြည်ခရိုင်(ကယ်ဆယ်ရေး)ရုံးတာဝန်ရှိသူများမှ(၂၃-၅-၂၀၁၇) နေ့တွင် ပေါက်ခေါင်းမြို့နယ်ထွေ/အုပ်ခန်းမတွင် သွားရောက်ထောက်ပ့ံပေးခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တောင်ကုတ်မြို့နယ်၊ ကလိုင်တောင်ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃- ၅ -၂၀၁၇) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ ကလိုင်တောင်ကျေးရွာရှိ အိမ်ခြေ (၉၂) လုံး ၊ အိမ်ထောင်စု (၁၀၄) စု၊ လူဦးရေ (ကျား-၂၄၄) (မ-၂၃၉) စုစုပေါင်း (၄၀၈) ဦးအတွက် သောက်ရေသန့် (၂၀) လီတာဘူး၊ တစ်အိမ်ထောင်စုလျှင် (၂) ဘူးနှုန်းဖြင့် (၂၀၈) ဘူးအား ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ်သူများသည် (၂၃-၅-၂၀၁၇)ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်ကျေးရွာမှ အိ်မ်ခြေ (၁၃၅) လုံး၊ လူဦးရေ (၆၇၅) ဦးအတွက် သောက်သုံးရေ ဂါလံ (၈၀၀၀)ကိုဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဟင်္သာတမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း
(၂၀ – ၅ -၂၀၁၇) နေ့၌ ဖြစ်ပွားသောလေဘေးကြောင့် ဟင်္သာတမြို့နယ်အတွင်း လက်ပံလှအုပ်စု၊ နန်းတော်ကျွန်းရွာ၊ အညာစုစိန်ပန်းကုန်းရွာ၊ ပဲကြီးကျွန်းအုပ်စု၊ ကုက္ကိုလ်စုရွာ၊ ပဲကြီးကျွန်းရွာ၊ လက်ပံစုရွာ၊ ကျုံတုံအုပ်စု၊ ကျုံတုံရွာ၊ ကုလားခတ်အုပ်စုနှင့် ကုလားခတ်ရွာတို့တွင် ပြိုလဲပျက်စီးသွားသော အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် အမိုးလန်အိမ်ခြေ (၃၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂ – ၅ -၂၀၁၇) နေ့ တွင်ဘေးဖြစ်သည့်နေရာများသို့သွားရောက်ကာ ဘေးသင့်ပြည်သူများထံသို့ … Read more
-
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၁၇)ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဗလဗကျေးရွာတွင် ပြောင်းရွှေ့အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆,၃၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၀၆,၃၀၀ိ/-)ကျပ်နှင့် အိမ်ထောင်စု (၂) စု အတွက် စက္ကူပုံးပါကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို (၂၂-၅-၂၀၁၇)ရက်နေ့တွင်ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဘိုကလေးမြို့နယ်အတွင်း သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၂-၅-၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် UNDRRYV စီမံချက်အရ ဘိုကလေးမြို့နယ် အောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်းတွင် ဘိုကလေးမြို့နယ် အတွင်းရှိ ဘေးဖြစ်နိုင်ခြေများသည့် ကမ်းရိုးတန်းဒေသများ၌ ဘေးအန္တရာယ် များကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ သိမြင်မှု မြှင့်တင်ရေးအစီအစဉ်အရ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
