Author Archives: Department of Disaster Management
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇)ရက်နေ့မှ (၁၁-၇-၂၀၁၇)ရက်နေ့အထိ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မိုးကွဲအုပ်စု၊ ချင်းယားကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၁၁၇,၆၀၀)၊ အိမ်ထောင်စု (၁၀)စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁,၀၀၀,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁,၁၁၇,၆၀၀)တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၇)ရက်နေ့မှ (၁၁-၇-၂၀၁၇)ရက်နေ့အထိ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၄၆,၂၀၀)၊ အိမ်ထောင်စု (၄) စုစာ ၊ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ ရေဝင်ပြောင်းရွှေ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် (၁၃-၇-၂၀၁၇)ရက်နေ့အထိပြောင်းရွှေ့ခဲ့ရသော ကြာအင်းအုပ်စု၊ ထန်းပင်ကုန်းအုပ်စု၊ တွန်းပင်အုပ်စုတို့မှ အိမ်ထောင်စု (၂၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး၊ လူဦးရေ (၁၄၃)ဦးတို့အတွက်ဆန်ရိက္ခာတန်ဖိုးငွေ (၃၀၀၃၀၀) ကျပ်တိတိအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် (၁၄-၇-၂၀၁၇)ရက်နေ့၌ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(မန္တလေး)၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်သင်တန်းသားများ၊ ပရဟိတအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်လျှက် မြင်ခြံမြို့နယ်၊ သာပေါင်းအုပ်စု ၊ တောင်ပုကျေးရွာ ဘုန်းကြီးကျောင်း၌ ရပ်ရွာနေပြည်သူ (၂၀၀) ဦးခန့်ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုသဘာဝဘေး အသိပညာပေးလုပ်ငန်းများ ဆွေးနွေးခြင်းတို့ကို (၁၄-၇-၂၀၁၇) နေ့တွင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
“မိုရာ” မုန်တိုင်းတိုက်ခတ်မှုအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇)ရက်နေ့တွင် “မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း လုံးဝပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ/ထရံကာ) လူနေအိမ် (၁၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ/ထရံကာ) လူနေအိမ် (၃၉၅) လုံး၊ လုံးဝပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၁၃၅) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၄၇၉) လုံး၊ လုံးဝပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၃၂) ကျောင်းတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၉,၆၃၀,၀၀၀ိ/-) ကျပ်တို့အား (၁၃-၇-၂၀၁၇)ရက်နေ့တွင် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဝင်ပြောင်းရွှေ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူ (၁၁-၇-၂၀၁၇)ရက်နေ့ မုံရွာမြို့နယ်၊ ဘုဘကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၃၃၂) စု၊ လူဦးရေ (၁၅၅၄) ဦးတို့အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၃,၂၆၃,၄ဝဝ) နှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၁၀၃၉) စု၊ လူဦးရေ (၄၇၉၅) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေ ကျပ် (၁၀,၀၆၉,၅၀၀) အား (၁၂-၇-၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်တွင် (၂၉-၆-၂၀၁၇) ရက်နေ့ကဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၁၈,၉၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၁၀၀,၀၀၀)အား (၁၁-၇-၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေဘေးရှောင်ပြည်သူများ ယာယီခိုလှုံနေထိုင်ရန် ရေဘေးရှောင် Camp များ ကြိုတင်ပြင်ဆင်ဆောက်လုပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် နှစ်စဉ်မြစ်ရေလွှမ်းတတ်၍ ရေဘေးအန္တရာယ်ကြုံတွေ့နေရသော ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၊ ရှားပင်ကျေးရွာ၊ နုံးပို့ကျေးရွာရှိ ရေဘေးရှောင်ပြည်သူ (၃၀၀)ဦးခန့် ခိုလှုံနေထိုင်ရန်အတွက် (၇-၇-၂၀၁၇) ရက်နေ့မှ စတင်၍ ဥယျာဉ်ကျေးရွာ၌ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း၊ ပုညမုဒိတာလူမှုကူညီရေးအသင်း၊ TLMM အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေး၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများနှင့်အတူ ရေဘေးရှောင် Camp စခန်းများအား ကြိုတင်ပြင်ဆင်ဆောက်လုပ်ပေးလျက် ရှိပြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်လည်း နှစ်စဉ်မြစ်ရေလွှမ်းတတ်၍ ရေဘေးအန္တရာယ်ကြုံတွေ့နေရသော ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြသော … Read more
-
မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်လျက်ရှိသော ကျေးရွာများသို့ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ချင်းတွင်းမြစ်ရေဝင်ရောက်လျှက်ရှိသော ဘုဗကျေးရွာအုပ်စုနှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုများမှ ရွှေ့ပြောင်းနေထိုင်ရေးဆောင်ရွက်လျှက်ရှိသော အိမ်ထောင်စုများအတွက် လိုအပ်သည့် ထောက်ပ့ံရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးဦးစီးမှူးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လျှပ်စစ်နှင့်လမ်းပန်းဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ချင်းတိုင်းရင်းရေးရာဝန်ကြီးတို့နှင့်အတူ (၉့ရ့၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့ပြင် ကျေးရွာ(၃)ရွာမှ အိမ်ထောင်စု(၃၃၂)စု၊ လူဦးရေ (၁၅၅၄) ဦးရွှေ့ပြောင်းနေထိုင်ပြီး၊ ညောင်ဖြူပင်ကျေးရွာ အုပ်စု၊ ကျေးရွာ(၃)မှ အိမ်ထောင်စု (၁၃၇၁)စု ရွှေ့ပြောင်းနေထိုင်ကာ လူဦးရေမှာစိစစ် ကောက်ခံဆဲဖြစ်ကြောင်းနှင့် ရေဝင်ကျေးရွာ(၆)ရွာမှ စုစုပေါင်း အိမ်ထောင်စု (၁၃၇၁)စု အတွက် အလှူပစ္စည်း ခေါက်ဆွဲခြောက် … Read more
-
ချင်းတွင်းမြစ်ရေဝင်ရောက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်းသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ချင်းတွင်းမြစ်ရေဝင်ရောက်လျှက် ရှိသော ဘုဗကျေးရွာအုပ်စုနှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုများမှ ရွှေ့ပြောင်းနေထိုင်ရေးဆောင်ရွက်လျှက်ရှိသော အိမ်ထောင်စုများအတွက် လိုအပ်သည့် ထောက်ပ့ံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးဦးစီးမှူးသည် (၈-၇-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။
