Author Archives: Department of Disaster Management
-
မြစ်ရေကြီးမှုအခြေအနေသတင်း
မြစ်ရေကြီးမှုအခြေအနေသတင်း (၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၈.၈.၂၀၁၇) ရက်နေ့မှ (၁၀.၈.၂၀၁၇) ရက်နေ့အထိ နမ္မတူမြို့နယ်၊ ဗုပ္ပါရုံဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၆၉)စုမှ လူဦးရေစုစုပေါင်း (၂၅၂)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(ပလပ်စတစ်ပုံးပါ) ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေ (၅၂၉၂၀၀ိ/-) တစ်အိမ်ထောင်လျှင် ဆီ(၅၀)သား (၁၃၈၀၀၀ိ/-)နှင့် ငါးသေတ္တာ(၃)ဘူး (၇၂၄၅၀ိ/-) စုစုပေါင်းတန်ဖိုးငွေကျပ် (၇၃၉၆၅၀ိ/-)အား (၁၁.၈.၂၀၁၇)ရက်နေ့ (၁၉းဝဝ)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ (၂၇/၂၈/၃၁.၇.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၂၉)လုံး၊ အိမ်ထောင်စု (၂၉)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၉ဝဝဝဝဝိ/-)၊ လူဦးရေ (၁၄၇)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၃ဝ၈၇ဝဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၃၂ဝ၈၇ဝဝိ/-)၊(ကျပ်သုံးဆယ့်နှစ်သိန်း ရှစ်ထောင့်ခုနှစ်ရာတိတိ)အားလည်းကောင်း၊ မအူပင်မြို့နယ်၊ အဂါးကျေးရွာ အုပ်စု၊ အဂါးရွာမ၌ (၄.၈.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး အတွက် ပြိုကျပျက်စီးနေအိမ် (၁)လုံးနှင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံး၊စုစုပေါင်း နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၁၄၅ဝဝဝိ/-)၊ လူဦးရေ (၉)ဦး … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၁၁.၈.၂၀၁၇)မှ (၁၃.၈ .၂၀၁၇)ထိ သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၇)ကို သင်တန်းသားဦးရေ (၃၃) ဦးဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ကသာ) အစည်းအဝေးခန်းမတွင် စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဝင်းအောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကယ်ဆယ်ရေးဦးစီးဌာန(ကသာခရိုင်)၊ ဦးစီးအရာရှိ ဒေါ်မီမီထွန်းမှ သင်တန်းဖွင့်လှစ်ခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
(၁၁.၈.၂၀၁၇)ရက်နေ့၊ (၁၃းဝဝ) အချိန်တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာစု၊ တောင်းခေးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် DAN Mobile app အကြောင်းဖြန့်ဝေခြင်းများကို ကျောက်မဲခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများမှ သွားရောက်ဖြန့်ဝေပြောကြားခဲ့ရာ ပြည်သူလူထု (၉၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၇) ရက်နေ့ မနက် (၁၄:၀၀) မှ (၁၅:၃၀) ချိန်ထိ ကွတ်ခိုင်မြို့ပြည်ထောင်စုခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများနှင့် ပြည်သူ (၇၀) ခန့်တက်ရောက်ခဲ့ပြီး နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သင်ခန်းစာပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းများ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်စွာ (လက်ထောက်ညွှန်ကြားရေး မှူး) သည် (၆.၈.၂၀၁၇)ရက်နေ့တွင် လပွတ္တာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွင့်လှစ်သော ”လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၂/၂၀၁၇)” သင်တန်းသို့ တက်ရောက်နေသော လပွတ္တာမြို့နယ်၊ မော်လမြိုင် ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သင်ခန်းစာပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပေါင်မြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာ၊ ရွာလယ်ပိုင်းတွင် ၊(၄-၈-၂၀၁၇) ရက်နေ့ (၁၄:၀၀) နာရီချိန်၌ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင် (၁) စု၊ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ Family kit (၁) ထုပ်၊ အိမ်ဆာက်ပစ္စည်းနှင့် ဆန်ဘိုးငွေ (၁၁၆၈၀၀) ကျပ် တို့အား သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူ များသည် (၅-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
မွန်ပြည်နယ်၊ သထုံမြို့နယ်၊မရမ်းကုန်းကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာရှိ လေဆင်နှာမောင်းဘေးသင့် ပြည်သူများကို ထောက်ပံ့ပေးမှုသတင်း
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်း ကျေးရွာအုပ်စု ၊မရမ်းကုန်းကျေးရွာတွင် (၃-၈-၂၀၁၇)ရက်နေ့ (၂၂:၃၀) အချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်(၅)လုံး ပြိုကျပြီး၊ နေအိမ်(၆)လုံး တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့ပါသည်။ ပြိုကျအိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၅)ပုံး၊ Family kit (၅) အိတ်၊ အိမ်ဆောက်ပစ္စည်းဖိုငွေ( ၅၀၀၀၀၀) ကျပ်၊ လူဦးရေ (၂၁) အတွက် ဆန်ဖိုးငွေ (၄၄၁၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၇) မျိုးပါ (၇) ပုံး ၊ … Read more
