ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ (၂၇/၂၈/၃၁.၇.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၂၉)လုံး၊ အိမ်ထောင်စု (၂၉)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၉ဝဝဝဝဝိ/-)၊ လူဦးရေ (၁၄၇)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၃ဝ၈၇ဝဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၃၂ဝ၈၇ဝဝိ/-)၊(ကျပ်သုံးဆယ့်နှစ်သိန်း ရှစ်ထောင့်ခုနှစ်ရာတိတိ)အားလည်းကောင်း၊ မအူပင်မြို့နယ်၊ အဂါးကျေးရွာ အုပ်စု၊ အဂါးရွာမ၌ (၄.၈.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး အတွက် ပြိုကျပျက်စီးနေအိမ် (၁)လုံးနှင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံး၊စုစုပေါင်း နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၁၄၅ဝဝဝိ/-)၊ လူဦးရေ (၉)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၁၈၉ဝဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၆၃၉ဝဝိ/-)၊ (ကျပ်တစ်သိန်းခြောက်သောင်းသုံးထောင့်ကိုးရာတိတိ)၊ စုစုပေါင်း ရန်ပုံငွေ (၃၃၇၂၆ဝဝိ/-)(ကျပ်သုံးဆယ့်သုံးသိန်းခုနှစ်သောင်းနှစ်ထောင့်ခြောက်ရာတိတိ)အား (၁၁.၈.၂ဝ၁၇)ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။