
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၁၁.၈.၂၀၁၇)မှ (၁၃.၈ .၂၀၁၇)ထိ သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၇)ကို သင်တန်းသားဦးရေ (၃၃) ဦးဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ကသာ) အစည်းအဝေးခန်းမတွင် စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဝင်းအောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကယ်ဆယ်ရေးဦးစီးဌာန(ကသာခရိုင်)၊ ဦးစီးအရာရှိ ဒေါ်မီမီထွန်းမှ သင်တန်းဖွင့်လှစ်ခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။