နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

Namtu12.8.2017

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၈.၈.၂၀၁၇) ရက်နေ့မှ (၁၀.၈.၂၀၁၇) ရက်နေ့အထိ နမ္မတူမြို့နယ်၊ ဗုပ္ပါရုံဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၆၉)စုမှ လူဦးရေစုစုပေါင်း (၂၅၂)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(ပလပ်စတစ်ပုံးပါ) ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေ (၅၂၉၂၀၀ိ/-) တစ်အိမ်ထောင်လျှင် ဆီ(၅၀)သား (၁၃၈၀၀၀ိ/-)နှင့် ငါးသေတ္တာ(၃)ဘူး (၇၂၄၅၀ိ/-) စုစုပေါင်းတန်ဖိုးငွေကျပ် (၇၃၉၆၅၀ိ/-)အား (၁၁.၈.၂၀၁၇)ရက်နေ့ (၁၉းဝဝ)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events