Author Archives: Department of Disaster Management

  • မောင်တောခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  ဘင်္ဂလားဒေါ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည့် ရခိုင်တိုင်းသားမျိုးနွယ်စုမှ (၁၃-၇-၂၀၁၇)ရက်နေ့တွင် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာ အိမ်ထောင်စု (၁)စုမှ ကျား(၂)ဦး၊ မ(၂)ဦး၊ ပေါင်း (၄)ဦးနှင့် (၄-၈-၂၀၁၇)ရက်နေ့တွင် မောင်တောမြို့နယ်၊ နွားရုံတောင်ကျေးရွာအုပ်စု၊ ပြားသား(သုခမြိုင်)ကျေးရွာသို့ အိမ်ထောင်စု (၁)စုမှ ကျား(၂) ဦး၊ မ (၁)ဦး၊ ပေါင်း (၃)ဦး ဝင်ရောက်လာခဲ့ပါသဖြင့် အိမ်ထောင်စု (၂)စုမှ ကျား (၄)ဦး၊ မ (၃)ဦး၊ စုစုပေါင်း (၇)ဦးအား ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအိမ်ထောင်စု (၂)စုစာ၊ … Read more

  • ကလေးခရိုင်ဦးစီးမှူးရုံးမှ ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးဝမြို့နယ်အတွင်း (၁၈-၈-၂၀၁၇)နေ့မှ (၁၉-၈-၂၀၁၇) နေ့ထိ ချစ်တွင်းမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ရပ်ကွက်(၁)ခုနှင့် ကျေးရွာ(၅)ရွာမှ ရေဘေးရှောင် အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၉၉) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေကျပ် စုစုပေါင်း(၂၀၇,၉၀၀)အား (၂၀-၈-၂၀၁၇)နေ့တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရေလဲကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသား/သူ အင်အား(၁၂၀)ဦးဖြင့် ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ပတ်သတ်သည့် အချက်အလက်များ၊ ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောခဲ့ပြီး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး ပိုစတာများကိုလည်း ကျေးရွာနေတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပို့ချမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိများသည် (၁၉-၈-၂၀၁၇) ရက်နေ့တွင် ရပ်ကွက် (၅)၊ ကမ်နားလုံကျေးရွာ၌ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်အချက်အလက်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ကယ်ဆယ်ရေးထောက်ပံ့နှုန်းထားများစသည်တို့ကို ရှင်းလင်းပြောကြားပြီး၊ ငလျင်ဘေးနှင့်ပတ်သက်၍ သရုပ်ပြလေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗီဒီယိုများပြသခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ရွာနေပြည်သူလူထု (၅၅)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုနှင့် DAN Mobile Application နှင့်ပတ်သက်၍ ရှင်းလင်းခဲ့မှုသတင်း

    ကယ်‌ဆယ်‌‌ရေးနှင့် ပြန်‌လည်‌‌နေရာချထား‌ရေးဦးစီးဌာန၊‌ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် ‌လယ်‌‌ဝေးမြို့နယ်‌၊ ညိုပင်‌အုပ်‌စု၊ သုံးတန်‌ကူး‌ကျေးရွာတွင် ‌သြဂုတ်‌လ (၆)ရက်‌‌နေ့၌ ကမ်းပြို‌မှုဖြစ်‌ပွားခဲ့ရာ ကြိုတင်‌‌ပြောင်းရွှေ့ (၂) အိမ်‌‌ထောင်‌အတွက်‌ ကယ်‌ဆယ်‌‌ရေးပစ္စည်း ၁၀မျိုး၊ ဆန်‌ဖိုးငွေကျပ် (၁၈,၉၀၀)‌၊ အိမ်‌‌ဆောက်‌ပစ္စည်းတန်ဖိုး (၂)သိန်းကျပ်‌တို့ကို (၁၉-၈-၂၀၁၇)ရက်နေ့တွင် ကမ်းပြို‌ဘေးသင့် ပြည်သူများထံသွား‌ရောက်‌ထောက်‌ပံ့ခဲ့ပြီ၊ ‌ကျေးရွာလူထုအသိပညာ‌ပေးနိုင်‌ရန်‌ လက်‌ကမ်းစာ‌စောင်‌များ၊ ဗွီနိုင်းပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application နှင့်ပတ်သက်၍ ထည့်သွင်းအသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

  • လားရှိုးခရိုင်ဦးစီးမှူးရုံးမှ စစ်ဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လားရှိုးမြို့  မြို့တော်ခန်းမတွင် ဝန်ကြီးချုပ်နှင့် ပြည်သူတွေ့ဆုံပွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နမ္မတူနှင့် မန်တုံမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများရှိ အိမ်ထောင်စု (၁၉၂)စု၊ လူဦးရေ (၈၈၅)ဦးအတွက် ထောက်ပံ့သော ဆန်၊ ဆီနှင့် ငါးသေတ္တာ စုစုပေါင်းတန်ဘိုးငွေကျပ် (၄,၃၁၄,၁၂၀) အား ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ (၁၉-၈-၂၀၁၇)ရက်နေ့တွင် ဝန်ကြီးဌာနကိုယ်စားထောက်ပံ့ပေးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများကိုယ်စား နမ္မတူမြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၇) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဓနုံးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသား/သူအင်အား(၈၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား ကယ်ဆယ်ရေးဌာနနှင့် ပတ်သတ်သောသိကောင်းစရာများ ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောခဲ့ပြီး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး ပိုစတာများကိုလည်း ရွာမှတာဝန်ရှိသူများထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ တွင် (၁၅.၈.၂၀၁၇)ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ ၄င်းအနီးတွင်နေထိုင်သော ရပ်ရွာနေပြည်သူ ကြိုတင်ပြောင်းရွှေ့နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်  (၄၀၀,၀၀၀) ကို (၁၈.၈.၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိတာဝန်ရှိသူထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events