ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လားရှိုးမြို့ မြို့တော်ခန်းမတွင် ဝန်ကြီးချုပ်နှင့် ပြည်သူတွေ့ဆုံပွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နမ္မတူနှင့် မန်တုံမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများရှိ အိမ်ထောင်စု (၁၉၂)စု၊ လူဦးရေ (၈၈၅)ဦးအတွက် ထောက်ပံ့သော ဆန်၊ ဆီနှင့် ငါးသေတ္တာ စုစုပေါင်းတန်ဘိုးငွေကျပ် (၄,၃၁၄,၁၂၀) အား ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ (၁၉-၈-၂၀၁၇)ရက်နေ့တွင် ဝန်ကြီးဌာနကိုယ်စားထောက်ပံ့ပေးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများကိုယ်စား နမ္မတူမြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံခဲ့ကြောင်းသတင်းရရှိပါသည်။