ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၇) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဓနုံးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသား/သူအင်အား(၈၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား ကယ်ဆယ်ရေးဌာနနှင့် ပတ်သတ်သောသိကောင်းစရာများ ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောခဲ့ပြီး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး ပိုစတာများကိုလည်း ရွာမှတာဝန်ရှိသူများထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events