ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရေလဲကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျေးရွာသား/သူ အင်အား(၁၂၀)ဦးဖြင့် ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ပတ်သတ်သည့် အချက်အလက်များ၊ ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောခဲ့ပြီး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး ပိုစတာများကိုလည်း ကျေးရွာနေတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။