ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ တွင် (၁၅.၈.၂၀၁၇)ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ ၄င်းအနီးတွင်နေထိုင်သော ရပ်ရွာနေပြည်သူ ကြိုတင်ပြောင်းရွှေ့နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀) ကို (၁၈.၈.၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိတာဝန်ရှိသူထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။