ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘင်္ဂလားဒေါ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည့် ရခိုင်တိုင်းသားမျိုးနွယ်စုမှ (၁၃-၇-၂၀၁၇)ရက်နေ့တွင် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာ အိမ်ထောင်စု (၁)စုမှ ကျား(၂)ဦး၊ မ(၂)ဦး၊ ပေါင်း (၄)ဦးနှင့် (၄-၈-၂၀၁၇)ရက်နေ့တွင် မောင်တောမြို့နယ်၊ နွားရုံတောင်ကျေးရွာအုပ်စု၊ ပြားသား(သုခမြိုင်)ကျေးရွာသို့ အိမ်ထောင်စု (၁)စုမှ ကျား(၂) ဦး၊ မ (၁)ဦး၊ ပေါင်း (၃)ဦး ဝင်ရောက်လာခဲ့ပါသဖြင့် အိမ်ထောင်စု (၂)စုမှ ကျား (၄)ဦး၊ မ (၃)ဦး၊ စုစုပေါင်း (၇)ဦးအား ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအိမ်ထောင်စု (၂)စုစာ၊ ဆန်ရိက္ခာ ၇ရက်စာတန်ဖိုးငွေကျပ် (၁၄,၇၀၀)အား (၂၀-၈-၂၀၁၇)ရက်နေ့တွင် ကျေးများအထိသွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။