Author Archives: Department of Disaster Management
-
တောင်ကြီးမြို့မီးဘေးသင့်ပြည်သူများတောင်ကြီးမြို့မီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောင်ပစ္စည်းဖိုး ထောက်ပံ့ပေးမှုသတင်းတွက် အိမ်ဆောင်ပစ္စည်းဖိုး ထောက်ပံ့ပေးမှုသတင်း
(၂၃-၁၀-၂၀၁၇) ရက်နေ့ ၌ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် နယ်မြေ(၂) အိမ်အမှတ်(၂၅၁/၂) တွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ် အား (၂၇-၁၀-၂၀၁၇ ) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေရပ်စွန့်ခွာသူများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်မှုအခြေအနေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရခိုင်ပြည် နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်သူများအား ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိရာ မောင်တောမြို့နယ်၊ ရေနောက်ငါးသားကျေးရွာရှိ မြိုတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူ(၂၄၃) ဦးအတွက် မဝတ်လုံချည်(၂၀၀)ထည်၊ တီရှပ်(၂၀၀)ထည်နှင့် ခြင်ထောင် (၁၅၀) လုံးတို့ကို(၂၄-၁၀-၂၀၁၇)နေ့တွင် ထောက်ပံ့ပေးခဲ့ပါသည်။ အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင် များသည် မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ယာယီနေထိုင် လျှက်ရှိသည့် ညောင်ချောင်းကျေးရွာ၊ သိန်းတောင်ပြင်၊ အာဂါတောင်၊ … Read more
-
မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တိုင်းရင်း သားကျေးရွာများအတွက် ပြန်လည်နေရာချထားပေးခြင်း ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ် မှုသတင်း
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တိုင်းရင်းသားကျေးရွာများအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ရခိုင်ပြည်နယ်လျှပ်စစ်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေတို့သည် သစ်တုံးနား၊ ခွဆုံကျေးရွာအုပ်စု၊ ခရုချောင်း၊ မျောက်ခေါင်းတောင်၊ပန်းချောင်း အင်းချောင်းတို့ရှိ မြိုတိုင်းရင်းသားကျေးရွာများစုစည်းပြီး အိမ်ယာ (၈၆) လုံး ပြန်လည်နေရာချထားရေး ပန္နက်တင် အခမ်းအနားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂၆-၁၀-၂၀၁၇ မောင်တော
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပမှုသတင်း
ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား အား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ လ ၁၃ ရက်နေ့တွင် မနက် ၉ နာရီ မှ ၁၁ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည် ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲမှဆုရရှိသူကျောင်းသူကျောင်းသားများအားဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ အခမ်အနား သို့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ Ngo၊ INGoများ၊ ကျောင်းသားကျောင်းသူများ၊ ကင်းထောက်လူငယ်များနှင့် … Read more
-
သဘာဝဘေးလျှော့ချရေးနှင့်ပတ်သတ်သည့်သင်တန်းပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဖျာပုံမြို့နယ်ခွဲ၊ အမာမြို့၊ ခါချဉ်ကျေးရွာအုပ်စု၊ ခါချဉ်ကျေးရွာရှိ School cum shelter တွင် Freda အဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးလျှော့ချရေးနှင့် ပတ်သတ်သည့်သင်တန်းကို (၈ – ၁၀ – ၂၀၁၇) ရက်နေ့မှ (၁၀ – ၁၀ – ၂၀၁၇) ရက်နေ့ထိဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းတွင် ရပ်ရွာမြေပုံ ရေးဆွဲခြင်း၊ ရာသီပြက္ခဒိန်နှင့် ရပ်ရွာသမိုင်းကြောင်းများရေးဆွဲခြင်း၊ မုန်တိုင်းဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် လက်တွေ့သရုပ်ဆောင်ခြင်းများပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအား (၁၁ – ၁၀ … Read more
-
ပြည်သူလူထု ပူးပေါင်းပါဝင်သော သဘာဝဘေးအန္တရာယ်လျော့ချရေးသင်တန်း ဖွင့်လှစ်မှုသတင်း
(၅.၁၀.၂၀၁၇) ရက်နေ့နှင့် (၆.၁၀.၂၀၁၇) ရက်နေ့တို့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ တိုးစံပြကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာမှ လူငယ် (၂၅) ဦး တို့အား (Freda) အဖွ့ဲနှင့် ပူးပေါင်း၍ သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်အား သင်ကြားပို့ချခဲ့ပြီး မုန်တိုင်းဘေးဇာတ်တိုက်လေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ေ၀ ခြင်း၊ DAN mobile application ကို တယ်လီဖုန်းများတွင်ထည့်သွင်းပေးပြီး အသုံးပြုပုံများပြသခြင်းများကို ပြုလုပ်ဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ တိုးစံပြကျေးရွာအုပ်စုသည် ပင်လယ်ဝတွင်တည်ရှိနေသောကျေးရွာများဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်လွယ်သော ကျေးရွာအုပ်စုအဆင့်တွင် ပါဝင်နေကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၀.၂၀၁၇) ရက်နေ့ အောင်မြေသာစံမြို့နယ်၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ပြည်သူ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာအတွက် ငွေကျပ် (၉၀၃၀၀ိ/-) တိတိ၊ လုံးဝပျက်စီးအိမ်ထောင်စု (၉) စု အတွက် (၁၇) မျိူးပါ ကယ်ဆယ်ရေးပစ္စည်း (၉) အိမ်ထောင်စာ၊ တစိတ်တပိုင်းပျက်စီး (၁) အိမ်ထောင်စုအတွက် (၁၀) မျိူးပါ ကယ်ဆယ်ရေးပစ္စည်း (၁) အိမ်ထောင်စာ၊ (၂၄)ဘူးပါ ရေသန့်ကဒ် (၉) ကဒ်၊ ရေသန့်ဆေးထုတ် (၂၄၀) ထုပ်၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၅.၁၀.၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ဝင်တဲကူးအုပ်စု၊ သစ်တောရွာ၊ လေဘေး အမိုးလန်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် နှင့် ဆန်ရိက္ခာဖိုး (၈၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀) ကျပ်တိတိ အား (၆.၁၀.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၆၈)ကြိမ်မြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အမှုဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်မှုသတင်း
(၆၈)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အမှုဆောင်ကော်မတီအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၆) ရက်အထိကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂) ရက်နေ့ နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအမှုဆောင်အဖွဲ့ အစည်းအဝေး၏ သဘာပတိအဖြစ် ကနေဒါနိုင်ငံ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် Ms. RosemaryMcCarney မှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. FilippoGrandi မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ … Read more
-
မီးဘေးသင့်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု ၊ တောင်ယာထဲကျေးရွာတွင် (၁- ၁၀ -၂၀၁၇) ရက်နေ့၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးအတွက် ဆန်ဖိုး (၇) ရက်စာထောက်ပံ့ငွေ (၂၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၆ – ၁၀ – ၂၀၁၇) ရက်နေ့တွင် … Read more
