ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၀.၂၀၁၇) ရက်နေ့ အောင်မြေသာစံမြို့နယ်၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ပြည်သူ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာအတွက် ငွေကျပ် (၉၀၃၀၀ိ/-) တိတိ၊ လုံးဝပျက်စီးအိမ်ထောင်စု (၉) စု အတွက် (၁၇) မျိူးပါ ကယ်ဆယ်ရေးပစ္စည်း (၉) အိမ်ထောင်စာ၊ တစိတ်တပိုင်းပျက်စီး (၁) အိမ်ထောင်စုအတွက် (၁၀) မျိူးပါ ကယ်ဆယ်ရေးပစ္စည်း (၁) အိမ်ထောင်စာ၊ (၂၄)ဘူးပါ ရေသန့်ကဒ် (၉) ကဒ်၊ ရေသန့်ဆေးထုတ် (၂၄၀) ထုပ်၊ သွပ်မိုးထရံကာပျက်စီးအိမ်ထောင်စု (၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၈၀၀၀၀၀ိ/-) တိတိ၊ တိုက်အိမ်ပျက်စီးအိမ်ထောင်စု (၂) အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၄၀၀၀၀၀ိ/-) တိတိ၊ စုစုပေါင်းငွေကျပ် (၁၂၉၀၃၀၀ိ/-) တို့ကိုလည်းကောင်း၊ (၄.၁၀.၂၀၁၇) ရက်နေ့ ပြည်ကြီးတံခွန်မြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ပြည်သူ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ငွေကျပ် (၆၇၂၀၀ိ/-)တိတိ၊ သွပ်မိုးထရံကာပျက်စီးအိမ်ထောင်စု (၅) စု အတွက် ငွေကျပ် (၅)သိန်းတိတိ၊ တိုက်အိမ်ပျက်စီး အိမ်ထောင်စု (၁) စု အတွက်ငွေကျပ် (၂) သိန်း၊ စုစုပေါင်းငွေကျပ် (၇၆၇၂၀၀ိ/-) တိတိ၊ လုံးဝပျက်စီးအိမ်ထောင်စု (၈) စု အတွက် (၁၇) မျိူးပါ ကယ်ဆယ်ရေးပစ္စည်း (၈) အိမ်ထောင်စုစာ၊ တစိတ်တပိုင်းပျက်စီးအိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိူး၊ (၁) အိမ်ထောင်စာ၊ ရေသန့်ကဒ် (၆) ကဒ်၊ ရေသန့်ဆေးထုတ် (၂၄၀) ထုပ် တို့ကို့လည်းကောင်း (၆.၁၀.၂၀၁၇)ရက်နေ့တွင် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(မန္တလေး)နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။