ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေရပ်စွန့်ခွာသူများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်မှုအခြေအနေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရခိုင်ပြည် နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်သူများအား ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိရာ မောင်တောမြို့နယ်၊ ရေနောက်ငါးသားကျေးရွာရှိ မြိုတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူ(၂၄၃) ဦးအတွက် မဝတ်လုံချည်(၂၀၀)ထည်၊ တီရှပ်(၂၀၀)ထည်နှင့် ခြင်ထောင် (၁၅၀) လုံးတို့ကို(၂၄-၁၀-၂၀၁၇)နေ့တွင် ထောက်ပံ့ပေးခဲ့ပါသည်။ အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင် များသည် မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ယာယီနေထိုင် လျှက်ရှိသည့် ညောင်ချောင်းကျေးရွာ၊ သိန်းတောင်ပြင်၊ အာဂါတောင်၊ ပြိုင်းတောင်၊ ဖရုံချောင်း ကျေးရွာများမှ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စုပေါင်း (၄၀၀)ခန့်၊ လူဦးရေ (၃၀၀၀) ကျော် တို့အား (၂၇-၁၀-၂၀၁၇)နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပြီး နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စသည့် ၎င်းတို့၏ လိုအပ်ချက်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး လတ်တလော စားသောက်ရေး အတွက် ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် ကော်ဖီမစ်များကို ထောက်ပံ့ ကူညီခဲ့ပါသည်။

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် နေရပ်စွန့်ခွာသူများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူများအား ထောက်ပံ့ ကူညီမှုများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events