Author Archives: Department of Disaster Management

  • ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ မင်းရပ်အုပ်စု၊ င/အုပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးများမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးနောက်ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး၊ ဆောင်ရန်/ရှောင်ရန်များ ဟောပြောပို့ချခဲ့ရာ  အဆိုပါ ဟောပြောပွဲသို့ ရပ်ရွာနေပြည်သူများနှင့် အလယ်တန်းကျောင်းသူ/ကျောင်းသားစုစုပေါင်း (၅၇)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇)ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား/သူ (၄၀၀)ဦး၊ စုစုပေါင်း (၄၁၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇)ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ကြို့ပင်ကျေးရွာအုပ်စု၊ဘိုကုန်းကျေးရွာတွင် သဘာဝဘေး အန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား၊ ကျောင်းသား/သူများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇)ရက်နေ့တွင် ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ (အ.ထ.က)ခွဲကျောင်း၌ ပြည်သူလူထု (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ခုံကြီးကျေးရွာတို့တွင် (၂၄-၁၁-၂၀၁၇) နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၂၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ၅ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၄၂,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၄၂,၀၀၀)ကျပ်တို့ကို (၂၈-၁၁-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇) ရက်နေ့၊ နံနက် (၀၇:၀၀)နာရီမှ (၀၈:၀၀)နာရီ အချိန်ထိ ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက် ကချင်နှစ်ခြင်းကျောင်းရှိ တိုက်ပွဲရှောင်စခန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး အဖြစ်ပွားမှီ ဖြစ်ပွားစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)မှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဗွီနိုင်းများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)

  • ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ကြောင့်ဆုံးရံှူးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)မှတာဝန်ရှိသူများနှင့် UN Volunteers အဖွဲ့အစည်းတို့ပူးပေါင်း၍ ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ကြောင့်ဆုံးရံှူးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၈-၁၁-၂၀၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဦးစီးမှူးတို့မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း (၂၀)ဦးနှင့် သင်တန်းသား/သူ (၄၅)ဦးတက်ရောက် ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၈-၁၁-၂၀၁၇)ရက်နေ့မှ (၂-၁၂-၂၀၁၇)ရက်နေ့ထိ (၅)ရက်ကြာဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သစ်ပင်ပိ၍ပြိုလဲသွားသောအိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)မှ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇေယျာသီရိမြို့နယ်၊ တဲကုန်းကျေးရွာနှင့် သစ်တပ်ကလေးကျေးရွာသို့ သစ်ပင်ပိ၍ပြိုလဲသွားသော အိမ်ထောင်စု (၂)စုစာအတွက် ထောက်ပံ့ငွေ (၄၁၈,၉၀၀ိ/)ကျပ်အား (၂၇-၁၁-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events