မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)မှတာဝန်ရှိသူများနှင့် UN Volunteers အဖွဲ့အစည်းတို့ပူးပေါင်း၍ ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ကြောင့်ဆုံးရံှူးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၈-၁၁-၂၀၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဦးစီးမှူးတို့မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း (၂၀)ဦးနှင့် သင်တန်းသား/သူ (၄၅)ဦးတက်ရောက် ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၈-၁၁-၂၀၁၇)ရက်နေ့မှ (၂-၁၂-၂၀၁၇)ရက်နေ့ထိ (၅)ရက်ကြာဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

