ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇)ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား/သူ (၄၀၀)ဦး၊ စုစုပေါင်း (၄၁၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)