ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇)ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ကြို့ပင်ကျေးရွာအုပ်စု၊ဘိုကုန်းကျေးရွာတွင် သဘာဝဘေး အန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား၊ ကျောင်းသား/သူများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)