Author Archives: Department of Disaster Management
-
ပြည်သူများအား Covid-19 အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်မှ (၁၅:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ပျဉ်းမနားမြို့နယ်၊မန်ကျည်းတောရပ်ကွက်၊ ပေါင်းလောင်(၁)ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ ဘိုမင်းခေါင်ရပ်ကွက်၊ ပန်းခင်းရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးခြင်းများ ထိရောက်စွာဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_nov2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင်(၂၈-၁၀-၂၀၂၀)ရက်နေ့၊(၀၈:၃၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၁၁၅၅၀ဝိ/-)၊ စုစုပေါင်းကျပ်(၁၁၁၅၅၀ဝိ/-)အား(၃-၁၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆/၂၇-၁၀-၂၀၂၀)ရက်နေ့၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာ(၁၁)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၅)လုံး၊ အမိုးလန်နေအိမ်(၆၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၆၅)စုရှိ လူဦးရေ (၂၈၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၅၉၂၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၂၂၀၀ိ/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၅)အိမ်ထောင်စာနှင့်(၂၄-၁၀-၂၀၂၀)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွါ(၂)ရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၂၃၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၃၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၂)အိမ်ထောင်စာ အား(၃-၁၁-၂၀၂၀)ရက်နေ့ (၁၂း၀၀)နာရီအ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောင့်သောင်းခရိုင်ဦးစီးမှူးရုံးမှ (၂.၁၁.၂၀၂၀)ရက်နေ့ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ အတွင်းဘုတ်ပြင်းကျေးရွာနှင့် ထောင်စုံမဟက်ကျေးရွာအတွင်းရှိ ပြည်သူများအား မိုးရာသီကာလအတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ covid19ရောဂါနှင့်ပက်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊Hand Speakerဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၁-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာနှင့် ကင်းချောင်းကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့၊ မြို့မ တောင်ရပ်ကွက်၊ ဗိုလ်မှုးရွာရှိ အီမာန်ဟူဆောင်း (၄၀) နှစ်(ဘ)မော်တော့အာလီ၏ နေအိမ်မှာ မီးဖို၊ မီးကြွင်း၊ မီးကျန်မှတဆင့် မီးဖိုအနီး ဝါးထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး အလျား (၂၀) ပေ၊ အနံ (၂၅) ပေ၊ အမြင့် (၁၁) ပေ (သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) နေအိမ် (၁) လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁၁.၂၀၂၀)ရက်နေ့တွင် ဟားခါးမြို့ မြု့သစ်ရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်နှင့် ကျောဘုတ်ရပ်ကွက်တို့တွင် COVID-19 အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_nov2020 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေး ထိခိုက်ဒဏ်ရာရပြည်သူအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့နယ်၊ အင်ပင်လှကျေးရွာအုပ်စု၊ ယားကျေးရွာ (၂၈-၁၀-၂၀၂၀) နေ့ဖြစ်ပွားသော မိုးကြိုးဘေးတွင် မိုးကြိုးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀ဝိ/-) ကျပ်ကို (၂-၁၁-၂၀၂၀)နေ့တွင် ယားကျေးရွာရှိ မိုးကြိုးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့သူ၏ လယ်တဲအိမ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_nov2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းvv
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၂၀)ရက်နေ့၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုန်ကျေးရွာအုပ်စု၊ လူသစ်စုရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၂၈၄၀၀ိ/-)ကျပ်နှင့် (၁-၁၁-၂၀၂၀)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၆)စုရှိ လူဦးရေ(၂၂)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၄၆၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၄၆၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၆)အိမ်ထောင်စာ အား(၂-၁၁-၂၀၂၀)ရက်နေ့ … Read more
-
ရေစဉ်၊ ရေစက်၊ ရေတွင်း တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စံပါယ်မျှောင်ကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် သောက်သုံးရေရှားပါးပြတ်လပ်သည့်အတွက် ဦးစီးဌာန Hot Line ဖုန်းသို့ ဆက်သွယ်အကူညီတောင်းခံလာသည်မှ ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ(၈၀၅၅၀၀၀ိ/-)ကျပ်ဖြင့် တည်ဆောက်ခဲ့သော ရေစဉ်၊ ရေစက်၊ရေတွင်း တည်ဆောက်ပြီးစီးမှုအခြအနေအား (၂-၁၁-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဦးစီးဌာန Hot Line ဖုန်းသို့ ဆက်သွယ်အကူညီတောင်းခံလာသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
