မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့၊ မြို့မ တောင်ရပ်ကွက်၊ ဗိုလ်မှုးရွာရှိ အီမာန်ဟူဆောင်း (၄၀) နှစ်(ဘ)မော်တော့အာလီ၏ နေအိမ်မှာ မီးဖို၊ မီးကြွင်း၊ မီးကျန်မှတဆင့် မီးဖိုအနီး ဝါးထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး အလျား (၂၀) ပေ၊ အနံ (၂၅) ပေ၊ အမြင့် (၁၁) ပေ (သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) နေအိမ် (၁) လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ ကျား (၂) ဦး၊ မ(၆) ဦး၊ ပေါင်း(၈) ဦး မီးဘေးသင့်ခဲ့ပြီး အဆိုပါ နေအိမ်၏ ဆုံးရှုံးမှုတန်ဖိုးမှာ(၂၀၀,၀၀၀)ခန့် ဖြစ်ပါသည်။အဆိုပါ မီးဘေးသင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး၊ ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ ငွေ (၁၆,၈၀ဝိ/-)၊ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်အား (၃-၁၁-၂၀၂၀) ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir
#rke_nov2020
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events