လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းvv

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၂၀)ရက်နေ့၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုန်ကျေးရွာအုပ်စု၊ လူသစ်စုရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၂၈၄၀၀ိ/-)ကျပ်နှင့် (၁-၁၁-၂၀၂၀)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၆)စုရှိ လူဦးရေ(၂၂)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၄၆၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၄၆၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၆)အိမ်ထောင်စာ အား(၂-၁၁-၂၀၂၀)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်များ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်ရဲတပ် ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#bgo_nov2020

Source:           မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events