Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၃.၂၀၁၈) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိအုပ်စု၊ စက်ရုံစုကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးတွင် မီးလောင်ခံရ၍ ဆေးရုံတက် သေဆုံးသူအတွက် (၂၅၀၀၀၀) ကျပ်အား (၆.၄.၂၀၁၈)ရက်နေ့တွင် ထပ်မံထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၄.၂၀၁၈) ရက်နေ့တွင် လယ်ဝေးမြို့နယ် ၊ ခရမ်းကိုင်အုပ် ၊ညောင်ကုန်းကျေးရွာအတွင်း လေဘေးသင့်၊ သစ်ပင်ပိ၊ တစိတ်တပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် (၅၀၀၀၀) ကျပ်၊ လူဦးရေ (၆)ဦးအတွက်ဆန်ဖိုးငွေ (၆x၂၁၀၀) (၁၂၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးတို့အား (၆.၄.၂၀၁၈)ရက်နေ့တွင် ပြည်သူလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ မောက်လင်းကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ၌ (၅.၄.၂၀၁၈) ရက်နေ့ (၂၀း၃၀) နာရီ အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး သစ်ပင်ပိ၍ သွပ်များ၊ သွပ်တန်းများနှင့် ဆိုလာပြားတို့ ပျက်စီးဆုံးရှုံးများဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လေဘေးသင့် အိမ်ထောင်စုအတွက် ကလေးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၈) ရက်နေ့ မွန်းလွဲ(၀၁း၀၀)နာရီ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်း၌ သက်ဆိုင်ရာ လေဘေးသင့် ပြည်သူထံ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်တစ်သိန်းတိတိအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
(၂.၄.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သရဖုံကျေးရွာအုပ်စု၊ သရဖုံ(ရှေ့)ကျေးရွာ လေဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ ထောက်ပံ့ငွေ(၁၀၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၁၀၅၀၀)ကျပ်နှင့် အိမ်ထောင်စု (၁) စုအတွက် ကဆရပစ္စည်း(၁၅) မျိုးအား (၆.၄.၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအုပ်စု မန်စန်းကျေးရွာတွင် (၁၉-၃-၂၀၁၈) ရက်နေ့တွင် ထိတွေ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သော အိမ်ခြေ (၁၂) အိမ်ထောင်စု (၁၂) စုမှ ကျား (၂၇) ဦး၊ မ (၄၄)ဦး၊ စုစုပေါင်း (၈၁) ဦး၊ ဘေးသင့်ခဲ့ပြီး ပျက်စီးသွားသောအိမ် (၁၂) လုံးအား အိမ်အမျိုးအစားအလိုက် စုစုပေါင်း (၁၅၀၀၀၀၀) ကျပ်ကို (၆့၄့၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
မောင်တောဒေသစိုက်ပျိုးရေးလုပ်ငန်းများအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ကျောက်တော်မြို့နယ်ရှိ နိဒင်ကျေးရွာ IDPစခန်းပိတ်သိမ်းရေးကိစ္စများအတွက် ဒုတိယဝန်ကြီးများနှင့်အဖွဲ့ ကွင်းဆင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်ရောက်ရှိနေသောရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် နိုင်ငံတောာ် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးခင်မောင်တင်နှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဦးအောင်ကျော်ဇံတို့သည် (၄-၄-၂၀၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံး၌ ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်တို့မှ အစ္စလာမ် ဘာသာဝင်ခေါင်းဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများအားတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးများကတွေ့ဆုံပြီးတစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာမတိမ်းရှောင်ဘဲကျန်ရှိနေသည့် အစ္စာလာမ်ဘာသာဝင်များအတွက် အလုပ်အကိုင်များဖန်တီးဖော်ဆောင်ပေးရန်ဖြစ်ကြောင်း၊ ယခုရာသီသည် မိုးကျတော့မည်ဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ငါးပုဇွန်လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ မောင်တောဒေသသို့ဖွံ့ဖြိုးရေးလုပ်ငန်းများလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဆလင်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် ရခိုင်တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မောင်တောနှင့် ဘူးသီးတောင်ဒေသများတွင် အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းတွင် စားဝတ်နေရေးအခက်အခဲများဖြစ်ခဲ့သည့်အတွက် နိုင်ငံတော်အစိုးရ၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ယင်းမာပင်မြို့နယ်၊ လန့်ဘွေးကျေးရွာအုပ်စု၊ ကျော်မှော်ကျေးရွာအုပ်စု၊ စုန့်ချောင်းကျေးရွာအုပ်စု၊ မြရိပ်ကျေးရွာအုပ်စု၊ ပြန်လှည့်ကျေးရွာ အုပ်စု၊ မြုကြီးကျေးရွာအုပ်စု၊ တောင်ပုကျေးရွာအုပ်စုနှင့် ဆီလှောင်ကျေးရွာအုပ်စုတို့၌ (၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၄၉၀) လုံးအတွက် ထောက်ပံ့ငွေ (၉,၈၅၀,၀၀၀ိ/-) ကျပ်နှင့် ပြိုကျပျက်စီးနေအိမ် (၃၆) လုံးအတွက် ထောက်ပံ့ငွေ (၃၆၀,၀၀၀ိ/-) ကျပ်အားလည်းကောင်း ကနီမြို့နယ်၊ နတ်လပို့တောင် ကျေးရွာအုပ်စု၊ ကျေးရွာ (၄) ရွာမှ အမိုးလန်နေအိမ် (၁၁၈) လုံးအတွက် ထောက်ပံ့ငွေ (၃၆၅၀,၀၀၀ိ/-) ကျပ်တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လေပြင်းတိုက်ခတ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုအခြေအနေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၃၁-၃-၂၀၁၈)ရက်နေ့ (၁၇း၃၀)အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပွားခဲ့ရာ ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၌ နေအိမ်(၂၁)လုံး ပြိုကျပျက်စီးကာ နေအိမ်(၂၇)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၄၈)စုမှ လူဦးရေ(၂၂၇)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် ရွှေခဲအင်းကျေးရွာတွင် နေအိမ်(၁)လုံး ပြိုကျပျက်စီးကာ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၆)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း ကနဦးသတင်းရရှိ မှုအရ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး တာဝန်ရှိသူများက (၁-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ဒေသသို့သွားရောက်၍ ဆန်ရိက္ခာဖိုးငွေ (၄၈၉,၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၉၄၀,၀၀၀ိ/-)နှင့် တန်ဖိုးငွေ (၁,၂၀၉,၅၆၆/-)ရှိ … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၃.၂၀၁၈) ရက်နေ့ (၁၈:၃၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဗုဒ္ဓရတနာကျောင်း အမိုးလန်ပျက်စီးမှုအတွက် ထောက်ပံ့အလှူငွေ(၁၀၀၀၀၀ိ/-)ကျပ်အား (၁-၄-၂၀၁၈) ရက်နေ့၊ (၁၅:၀၀) နာရီချိန်တွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၃.၂၀၁၈) ရက်နေ့ (၁၈း၃၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွပ်အတွင်းရှိ ပြိုလဲ ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အမိုးလန်နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား(၁-၄-၂၀၁၈) ရက်နေ့ (၁၁: ၃၀) အချိန်တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
