ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၃၁-၃-၂၀၁၈)ရက်နေ့ (၁၇း၃၀)အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပွားခဲ့ရာ ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၌ နေအိမ်(၂၁)လုံး ပြိုကျပျက်စီးကာ နေအိမ်(၂၇)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၄၈)စုမှ လူဦးရေ(၂၂၇)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် ရွှေခဲအင်းကျေးရွာတွင် နေအိမ်(၁)လုံး ပြိုကျပျက်စီးကာ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၆)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း ကနဦးသတင်းရရှိ မှုအရ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး တာဝန်ရှိသူများက (၁-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ဒေသသို့သွားရောက်၍ ဆန်ရိက္ခာဖိုးငွေ (၄၈၉,၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၉၄၀,၀၀၀ိ/-)နှင့် တန်ဖိုးငွေ (၁,၂၀၉,၅၆၆/-)ရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေစုစုပေါင်း (၅,၆၃၈,၈၆၆/-) (ကျပ်ငါးဆယ့်ခြောက်သိန်းသုံးသောင်းရှစ်ထောင်ရှစ်ရာခြောက်ဆယ့်ခြောက်တိတိ)အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးကာ နေအိမ် (၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဥာဏသိဒ္ဓိရပ်ကွက်၌ ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးလန် ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၁-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ဒေသသို့သွားရောက်၍ တန်ဖိုး ငွေ (၁၂၀၄၅၃ိ/-)ရှိ ကယ်ဆယ်ရေးပစ္စည်းများနှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေစုစုပေါင်း (၂၂၀,၄၅၃ိ/-) (ကျပ်နှစ်သိန်းနှစ်သောင်း လေးရာငါးဆယ့်သုံးတိတိ)အား ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လိုအပ်သည်များ ဆက်လက်ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။