
ယင်းမာပင်မြို့နယ်၊ လန့်ဘွေးကျေးရွာအုပ်စု၊ ကျော်မှော်ကျေးရွာအုပ်စု၊ စုန့်ချောင်းကျေးရွာအုပ်စု၊ မြရိပ်ကျေးရွာအုပ်စု၊ ပြန်လှည့်ကျေးရွာ အုပ်စု၊ မြုကြီးကျေးရွာအုပ်စု၊ တောင်ပုကျေးရွာအုပ်စုနှင့် ဆီလှောင်ကျေးရွာအုပ်စုတို့၌ (၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၄၉၀) လုံးအတွက် ထောက်ပံ့ငွေ (၉,၈၅၀,၀၀၀ိ/-) ကျပ်နှင့် ပြိုကျပျက်စီးနေအိမ် (၃၆) လုံးအတွက် ထောက်ပံ့ငွေ (၃၆၀,၀၀၀ိ/-) ကျပ်အားလည်းကောင်း ကနီမြို့နယ်၊ နတ်လပို့တောင် ကျေးရွာအုပ်စု၊ ကျေးရွာ (၄) ရွာမှ အမိုးလန်နေအိမ် (၁၁၈) လုံးအတွက် ထောက်ပံ့ငွေ (၃၆၅၀,၀၀၀ိ/-) ကျပ်တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လူမှုရေးဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ (၅-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။