
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ မောက်လင်းကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ၌ (၅.၄.၂၀၁၈) ရက်နေ့ (၂၀း၃၀) နာရီ အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး သစ်ပင်ပိ၍ သွပ်များ၊ သွပ်တန်းများနှင့် ဆိုလာပြားတို့ ပျက်စီးဆုံးရှုံးများဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လေဘေးသင့် အိမ်ထောင်စုအတွက် ကလေးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၈) ရက်နေ့ မွန်းလွဲ(၀၁း၀၀)နာရီ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်း၌ သက်ဆိုင်ရာ လေဘေးသင့် ပြည်သူထံ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်တစ်သိန်းတိတိအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။